အတားအဆီးတွေ ဆက်လက်ရှိနေပေမယ့် ယနေ့ ကမာရွတ် ဗဟိုလမ်းမပေါ်က ထိုင်သပိတ်စစ်​ကြောင်း

//s9.kh1.co/9b/9bd304c5c3839b0043b13c1683d8f40bd6754d9b.jpg
နေ့စဉ်သတင်းများ

 ၀၇-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော နေရာဒေသအသီးသီးမှာ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေက အားကြိုးမာန်တက်ဖြင့် တရားမျှတတဲ့ဒီမီုကရေစီကို ပြန်လည်တည်ဆောက်နိုင်ဖို့ လူထုလှုပ်ရှားမှုတွေကို နေ့စဥ်ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်နေကြတဲ့ လူထုလှုပ်ရှားမှုတွေကို အတားအဆီးတွေရှိနေပြီး အသက်ပေးလိုက်ရတဲ့ ပြည်သူတွေရှိနေပေမယ့် မလျော့သောဇွဲတွေနဲ့ မကြောက်မရွံ့ပဲ လူငယ်တွေက ဆက်လက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။

Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV

မြို့ကြီးတွေရဲ့ အဓိကလမ်းမကြီး နှင့် လမ်းသွယ်များမှာ လူငယ်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို ရော်ဘာကျည်၊ မျက်ရည်ယိုဗုံးများ၊ အသံဗုံး စတာတွေကို အသုံးပြု ဖြိုခွ​င်း​တာတွေကိုလည်း တွေ့ရပါတယ်။ ယနေ့ မတ်လ (၇)ရက် ရန်ကုန်မြို့ ကမာရွတ်ဗဟိုလမ်းမပေါ်မှာ ရပ်ကွက်နေပြည်သူများနဲ့ ကျောင်းသားလူငယ်တွေက အေးချမ်းစွာ ထိုင်သပိတ်ဖြင့်လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ယင်း လှုပ်ရှားမှုမှာတော့ လူငယ်တွေက ရေထုပ်တွေနဲ့ အိမ်သုံးစောင်တွေကိုပါ လမ်းမပေါ်မှာချထားသလို လက်လုပ်ဒိုင်းကာတွေလည်း ပြင်ဆင်ထားတာ တွေ့ရပါတယ်။

Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV
Photo - MyanmarloadTV

ဒါ့အပြင် ဂီတဝါသနာရှင်လူငယ်တွေကလည်း စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေနဲ့ တီးခတ်ပြီး သံပြိုင်ဟစ်ကြွေး သီဆိုခဲ့ကြပါတယ်။ ယင်းလူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူတစ်ဦးက "ငြိမ်းချမ်းစွာပဲ ဆန္ဒထုတ်ဖော်ကြပါတယ် ပြန်ခုခံတိုက်ခိုက်တာမျိုးလည်း ရှောင်ပါတယ်" ဆိုပြီး Myanmarload သို့ပြောပါတယ်။ကဲ..Myanmarload ပရိသတ်တွေအတွက် ယနေ့ ကမာရွတ်ဗဟိုလမ်းပေါ်က ထိုင်သပိတ်လှုပ်ရှားမှုတစ်ခုကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo - MyanmarloadTV
Photo - MyanmarloadTV

သတင်း အရင်းအမြစ်Source - MyanmarloadTV

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T