ကျေးငှက်တွေအလွန်အမင်းကြောက်ရတဲ့ သေမင်းတမန်သစ်ပင်

//s9.kh1.co/d9/d9b3eef88cfac4d907ce95a181e4baae27a32e25.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ကမ္ဘာကြီးေပါ်မှာ ထူးဆန်းပြီး ရှားပါးလှတဲ့ အရာတေွထဲမှာမှ ကျေးငှက်တွေကိုဖမ်းယူနိုင်တဲ့ သစ်ပင်တစ်ပင်အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ဒီအပင်ကို parapara ပင်လို့ ခေါ်ကြပြီး နယူးဇီလန်က Three Kings , the Hen နဲ့ Chicken ကျွန်းတွေမှာ အများဆုံး တွေ့ရတတ်တဲ့ ရှားပါးအပင်မျိုးဖြစ်ပါတယ်။ တခါတရံမှာတော့ ကမ်းရိုးတန်းတချို့နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ဒီအပင်တွေဟာ ကျေးငှက်တွေကို သေစေနိုင်တဲ့ သေမင်းတမန် အပင်အဖြစ် အချို့က တင်စားခေါ်ဝေါ်ကြပါတယ်။

Photo From Google
Photo From Google
Photo From Google
Photo From Google

အကြောင်းကတော့ သူ့အပင်နားလာတဲ့ ငှက်တွေကို အလိုအလျောက် ဖမ်းယူပစ်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီအပင်တွေဟာ ကျန်တဲ့ရာသီမှာ ငှက်တွေကိုမဖမ်းပေမယ့် ဆောင်းရာသီ နဲ့ နွေဦးရာသီတွေမှာတော့ ငှက်တွေကိုဖမ်းလေ့ရှိပါတယ်။ အကြောင်းကတော့ အဲဒီရာသီတွေမှာ အသီးရဲ့ထိပ်ပိုင်းဟာ အနက်ရောင်အဖြစ်ပြောင်းသွားပြီး တကယ့်ကော်လိုအစေးတွေဖြစ်ပေါ်လာတဲ့အတွက်ပါ။ ငှက်တွေကိုဖမ်းယူပုံကတော့ ထွက်လာတဲ့ ကော်လိုမျိုးအစေးတွေဟာ ပိုးမွှားအင်းဆက်လေးတွေကို မလှုပ်နိုင်အောင် ချုပ်နှောင်ထားပါတယ်။

Photo From Google 
Photo From Google 
Photo From Google
Photo From Google

ဒီလိုနဲ့ အပင်ရဲ့နေရာတော်တော်များများမှာ အင်းဆက်ပိုးမွှားတွေအပြည့်ဖြစ်လာတတ်ပါတယ်။ ဒီအင်းဆက် ပိုးမွှားကောင်တွေဟာ ငှက်တွေကို စွဲဆောင်ပါတယ်။ ငှက်တွေဟာ ပိုးမွှားတွေကပ်နေတဲ့ အပင်ရှိရာကို နားပြီး ပိုးမွှားတွေကုိ စားသောက်တဲ့အခါ သူတို့ရဲ့အတောင်အမွှေးတွေမှာ သစ်ပင်က ကော်အစေးတွေဟာ ကပ်လာပါတယ်။ စားသောက်ပြီး ပျံသန်းတဲ့အခါမှာတော့ ကော်အစေးတွေကပ်နေတဲ့အတွက် ပျံသန်းလို့မရတော့ပါဘူး။ အကောင်ကြီးတဲ့ငှက်တွေကတော့ ရုန်းကန်ပျံသန်းနိုင်ပေမယ့် အကောင်ငယ်တဲ့ငှက်တွေကတော့ မပျံသန်းနိုင်တော့ပဲ အပင်မှာကပ်နေရင်ကပ် ၊ မကပ်နေရင် အမွှေးနဲ့ကော်နဲ့ ကပ်ကာ အောက်ကိုပြုတ်ကျပါတယ်။ အောက်ကိုပြုတ်ကျတဲ့ငှက်တွေဟာ တောကြောင် နဲ့ ခွေးတွေရဲ့ အစာဖြစ်သွားသလို အပင်မှာကပ်နေတဲ့ငှက်တွေကလည်း နာရီပေါင်းများစွာကြာပြီးတဲ့နောက် အစာရေစာပြတ်ကာ သေဆုံးသွားလေ့ရှိပါတယ်။

Photo From Google 
Photo From Google 
Photo From Google
Photo From Google
Photo From Google
Photo From Google

သတင်း အရင်းအမြစ်Google

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T