နှစ်ပေါင်း နှစ်ထောင်ကျော်သက်တမ်းရှိနေပြီဖြစ်တဲ့ ကမ္ဘာ့အရှည်ဆုံး တူးမြောင်းကြီး

//s9.kh1.co/ac/acbab0dc3f13a4f59df0a32da385539153ab7c01.jpg
ဗဟုသုတအဖြာဖြာ

 ၀၇-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်က ထင်ရှားတဲ့ တူးမြောင်းလို့ ဆိုလိုက်တာနဲ့ ပနားမား တူးမြောင်းနဲ့ ဆူးအက်တူးမြောင်းတို့ဟာ လူသိများကြပေမယ့် တရုတ်နိုင်ငံက Jing-Hang Grand Canal ကိုတော့ လူသိပ်မသိကြပါဘူး။

ဒီ Grand တူးမြောင်းကြီးဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့ကနေ ဟန်ကျိုးမြို့ထိ ရှည်လျားတဲ့ ကမ္ဘာ့အရှည်ဆုံး တူးမြောင်းကြီးပဲ ဖြစ်ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

နဒီတူးမြောင်းကြီးရဲ့ အရှည်ဟာ ၁၁၁၅ မိုင်ရှိပြီး ကမ္ဘာ့ရှေးအကျဆုံး တူးမြောင်းတွေထဲမှာလည်း တစ်ခုအပါအဝင်ပဲ ​ဖြစ်ပါတယ်။

ဒီတူးမြောင်းကြီးကို ဘီစီ ၅ ရာစုဝန်းကျင်လောက်ထဲက စတင်တူးဖော်ခဲ့တာဖြစ်ပြီး ကြားထဲမှာရပ်နားခဲ့တဲ့အချိန်တွေရှိခဲ့ပေမယ့် အေဒီ ၆၀၉ မှာဆောက်လုပ်ပြီးစီးခဲ့ပါတယ်။

ဒီတူးမြောင်းကို ဘီစီ ၅ ရာစုလောက်မှာ ဘုရင် Fuchai ကစတင်တူးဖော်ခဲ့တာဖြစ်ပြီး ဘုရင် Fuchai လက်ထက်မှာတော့ တူးမြောင်းငယ်အဆင့်ပဲ ရှိခဲ့ပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

အေဒီ ၆ ရာစု ၇ ရာစုကြားကာလအရောက်မှာတော့ ဘုရင် Yang ဟာဒီတူးမြောင်းကြီးကို ကူးသမ်းရောင်းဝယ်ရေး အဆင်ပြေစေဖို့နဲ့ စစ်ပွဲကာလမှာ စစ်ကူတွေအမြန်ပို့လွှတ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဒီတူးမြောင်းကြီးကို ၆ နှစ်ကြာအချိန်ပေးပြီး ဆက်လက်တူးဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီတူးမြောင်းကြီးဟာ တရုတ်နိုင်ငံရဲ့ သမိုင်းတစ်လျှောက် အရေးပါလှတဲ့နေရာမှာ ရှိခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးတွေမှာ တော်တော်လေးအရေးပါခဲ့ပါတယ်။

နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိပြီ ဖြစ်တဲ့ ဒီတူးမြောင်းကြီးဟာ ၂၀၀၄ ခုနှစ်အရောက်မှာတော့ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T