အန္တရာယ်တွေကြားမှာ အင်တိုက်အားတိုက် လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေအတွက် မွန်မြတ်တဲ့အလှူလေး ပြုလုပ်ခဲ့တဲ့ ရေဗက္ကာဝင်း

//s9.kh1.co/97/97d3a66551bd6084229a39f801c2fd29ca5f4bb4.jpeg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

ခုဆိုရင် မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာ အခုချိန်ထိ အသက်ဝင်ကာအင်အားကောင်းနေဆဲပါပဲ။နေရာတိုင်းမှာလည်း ပြင်းပြင်းထန်ထန် ဖြိုခွင်းခံရမှုတွေလည်း ရှိနေရာ ဒဏ်ရာရပြည်သူတွေအပြင် အသက်ဆုံးရှုံးရသူတွေလည်း ပေါ်ထွက်လာခဲ့တာ တကယ်ကို နှမျောတသ ဝမ်းနည်းစရာပါပဲ။ ဒါ့ကြောင့် ခုဆိုရင်ပြည်သူတွေကအရင်ကထက်ပိုမိုစနစ်ကျစွာ လှုပ်ရှားရင်း တစ်ဦးကိုတစ်ဦး အပြန်အလှန်ကူညီစောင့်ရှောက်နေကြတာလည်းဖြစ်ပါတယ်။

Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account

ယောင်္ကျားလေးတွေကလည်း ရှေ့တန်းကနေရဲရဲဝင့်ဝင့်ပါဝင်ရင်း ဖြိုခွင်းသမျှကိုကာကွယ်ကာ ပြန်လည်ခုခံတိုက်ခိုက်သလို မိန်းကလေးတွေကလည်း ရရာနေရာတွေကနေ ပါဝင်ကူညီအားဖြည့်ပေးရင်း စည်းစည်းလုံးလုံးနဲ့ပူးပေါင်းပါဝင်နေကြတာပါ။ဒါ့အပြင် အနုပညာရှင်တွေကလည်း ပြည်သူတွေနဲ့ တစ်သားထဲ ပါဝင်ရပ်တည်ပေးခဲ့တာကြောင့် ပြည်သူလူထုက အားအင်ပြည့်ဝကာ ပိုမိုစိတ်အားထက်သန်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account

ဒါ့အပြင်နောက်တန်းကနေ အစားအသောက်တွေပြင်ဆင်ကာ လှူဒါန်းပေးခဲ့ကြတဲ့ အနုပညာရှင်တွေလည်းများစွာရှိခဲ့ပါတယ်။ဒီထဲမှာ ရေဗက္ကာဝင်းလည်းအပါအဝင်ပါပဲ။အခုလည်း ကြက်သားပလာတာ ပွဲ ၁၅၀ စာကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ပြည်သူတွေအတွက်လှူဒါန်းခဲ့တဲ့အပြင် ညကင်းစောင့်တဲ့ လူကြီးလူငယ်တွေအတွက်လည်း လိုအပ်တဲ့ပစ္စည်းများ စုပေါင်းလှူဒါန်းခဲ့ကြောင်း ပုံလေးတွေနဲ့တကွ "ဒီနေ့လဲ စေတနာရှင်များပေါင်းပြီး ကြက်သားပလာတာ ပွဲ ၁၅၀ အိမ်မှာချက် မြို့နယ်အလိုက် ညဘက်ကင်းစောင့်ကြတဲ့ လူကြီးလူငယ်တွေအတွက် လိုအပ်မယ့်ပစ္စည်းတွေကို စုပေါင်းလှူဒါန်းကြပါတယ် မြန်မာပြည်သားအပေါင်း ဘေးဘယာကင်းကွာ ကြံစည်သမျှအောင်မြင်ပြီးမြောက်ကြပါစေရှင် "ဆိုတဲ့စာလေးကိုဝေမျှထားရာပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Rebecca Win Facebook Account
Photo Credit : Rebecca Win Facebook Account
Source & Photo Credit : Rebecca Win Facebook Account
Source & Photo Credit : Rebecca Win Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T