ကိုယ့်ကိုမုန်းတဲ့လူတွေကို စိတ်ထဲမထားသလို မခေါ်မပြောတဲ့လူတွေကိုလည်း စိတ်မကွက်ပါဘူးဆိုပြီး ပြောလာတဲ့ နှိုင်းယှဥ်မြင့်မိုရ်

//s9.kh1.co/14/14e4673eff060d52bd50fc00df3978790264eae8.jpg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာတော့ ဇာတ်ပို့ သရုပ်ဆောင် နှိုင်းယှဥ်မြင့်မိုရ်က အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့ အပြည့်အဝရပ်တည်ခဲ့ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် တရားမျှတတဲ့ဒီမီုကရေစီအရေးကို ပြန်လည်တည်ဆောက်နိုင်ဖို့ ဘက်ပေါင်းစုံကနေ ကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်မှာ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ တစ်တပ်တစ်အား လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် လမ်းမပေါ်က လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် စားသောက်စရာလေးတွေ လှူဒါန်းပေးတာတွေရှိပါတယ်။

Photo Credit - Nhying Shin fb page
Photo Credit - Nhying Shin fb page
Photo Credit - Nhying Shin fb page
Photo Credit - Nhying Shin fb page

ဒီလိုပါဝင်လုပ်ဆောင်ပေးနေတဲ့ အချိန်လေးမှာ အနုပညာရှင်တစ်ယောက်အနေနဲ့ တချို့ဝေဖန်မှုတွေ ကြုံတွေ့နေရပြီး ချစ်တဲ့သူတွေ​ကိုရော မုန်းနေကြတဲ့ သူတချို့ကို နှိုင်းယှဥ်မြင့်မိုရ်က လူမှုကွန်ယက်မှာ ပြန်လည်ရှင်းပြလာခဲ့ပါတယ်။ "ကိုယ့်ကိုချစ်တဲ့သူတွေကို အတတ်နိုင်ဆုံး ပြန်လေးလေးစားစား ဆက်ဆံပေးပြီးတော့.....ကိုယ့်ကိုမုန်းတဲ့လူတွေကိုလည်း စိတ်ထဲမထားသလို ကိုယ်နဲ့မခေါ်မပြောတဲ့လူတွေကိုလည်း စိတ်မကွက်ပါဘူး....အရမ်းသဘောထား ကြီးတဲ့လူဖြစ်နေလို့တော့ မဟုတ်ဘူးပေါ့......သူ့လွတ်လပ်ခွင့်နဲ့သူနေနေတာလို့ မြင်လို့ လူဆိုတာကိုယ့်ယုံကြည်မှု၊ ကိုယ့်စရိုက်နဲ့ ကိုယ်မလား.......

Photo Credit - Nhying Shin fb page
Photo Credit - Nhying Shin fb page
Photo Credit - Nhying Shin fb page
Photo Credit - Nhying Shin fb page

ကိုယ့်မှာလည်း အဲ့လို စိတ်ထဲသိပ်သဘောမကျတဲ့ လူတွေရှိလာတဲ့အခါ အဲ့လူဘာဖြစ်နေနေ အဖတ်လုပ်ပြီးကို ခေါင်းထဲမထည့်ဘူး....ရန်သူက ရန်သူလိုနေပြီး မိတ်ဆွေကမိတ်ဆွေလိုနေကြမယ် ရန်သူလိုလို မိတ်ဆွေလိုလိုနဲ့ ရှေ့မှာတော့ အဆင်ပြေအောင် ပြောဆိုတတ်ပြီး နောက်ကွယ်မှာတစ်မျိုး အချိုးတွေနဲ့ သူတွေကိုတော့ ရှောင်ပါမယ်...." ဆိုပြီရေးသား ဖော်ပြထားပါတယ်။ ကဲ...ပရိသတ်ကြီးရေ နှိုင်းယှဥ်မြင့်မိုရ်ရဲ့ ရင်တွင်းဖော်ပြချက်တွေကို ပြန်လည်ဖတ်ရှု့ရအောင် ကူးယူဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Nhying Shin fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T