ခြိမ်းခြောက်ခံရမှုတွေရှိလာလို့ မိသားစုတစ်ယောက်တစ်နေရာစီ ရှောင်နေရပြီဖြစ်ကြောင်း အကြောင်းစုံပြောပြလာတဲ့ သဇင်ထူးမြင့်

//s9.kh1.co/e5/e5d80780b95657c03e7a68392d6f2f1f5b300dde.jpeg
အနုပညာရှင်များ

 ၀၈-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.....

ခုဆိုရင် ပြည်သူတွေကော အနုပညာရှင်တွေဟာ ဒီလူထုလှုပ်ရှားမှုကြီးနဲ့ပတ်သက်ပြီး ဖမ်းဆီးခြိမ်းခြောက်ခံရမှုတွေအပြင် အသက်အန္တရာယ်တွေပါ ထိခိုက်ခံနေရသည်အထိ ကြုံတွေ့နေရပါတယ်။ဒီလိုခြိမ်းခြောက်ခံရမှုတွေထဲမှာမှ ခုဆိုရင် မင်းသမီးချောလေး သဇင်ထူးမြင့်လည်း ပါဝင်ခဲ့ပြီဖြစ်တာကြောင့်ပရိသတ်တွေအားလုံးက စိတ်ပူပန်ကာစိုးရိမ်နေကြရပါတယ်။

Photo Credit : Thazin Htoo Myint Facebook Account
Photo Credit : Thazin Htoo Myint Facebook Account
Photo Credit : Thazin Htoo Myint Facebook Account
Photo Credit : Thazin Htoo Myint Facebook Account

သဇင်ထူးမြင့်က လူထုလှုပ်ရှားမှုတွေစတင်ထဲက လူငယ်တစ်ယောက်ပီပီ လမ်းပေါ်ထွက်ကာ လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါ့အပြင် လှုပ်ရှားမှုပြုလုပ်ရာမှာလိုအပ်တဲ့ ပစ္စည်းတွေအပြင် အစားအသောက်တွေကိုလည်း နေ့စဉ်မပြတ်တတ်နိုင်သလောက် ကိုယ်တိုင်လှူဒါန်းပေးနေတာကြောင့် ပရိသတ်တွေက လေးစားချစ်ခင်နေကြတာပါ။

Photo Credit : Thazin Htoo Myint Facebook Account
Photo Credit : Thazin Htoo Myint Facebook Account
Photo Credit : Thazin Htoo Myint Facebook Account
Photo Credit : Thazin Htoo Myint Facebook Account

အခုမှာလည်း သဇင်ထူးမြင့်က သူတို့မိသားစုကို ခြိမ်းခြောက်ခံနေရတဲ့သတင်းတွေရှိလာတာကြောင့် မိသားစုတွေ တစ်ယောက်တစ်နေရာစီ ရှောင်နေရပြီဖြစ်ကောင်းခုလိုရေးသားသတိပေး ဖော်ပြလာတာဖြစ်ပါတယ်။ " အလှူလုပ်နေရင်း ဝရမ်းထွက်လာလို့သဲတို့မိသားစု တစ်ယောက်တစ်နေရာစီ ရှောင်လိုက်ကြရပါပြီ...အနုပညာရှင်တွေကို cdmငွေတွေလိမ်ပါတယ်ဆိုတဲ့သတင်းနဲ့တကွတင်ထားတာတွေတွေ့နေပါတယ်...ဝရမ်းပြေးတင်မဟုတ် ငွေလိမ်သွားတဲ့သူတွေအဆင့်ထိအရှက်ခွဲခံနေရတာ မိုက်ရိုင်းလွန်းတယ်....အသွေးသားထဲထိနာတယ်နော်...လောလောဆယ်မှာဖေဖေရောအဆင်ပြေပါ့မလားကိုကြီးတွက်လည်း စိတ်ပူနေရတယ် ကိုယ်တိုင်လုံခြုံဖို့တွက်လည်း ပူရပြန်တယ် ပြည်သူတွေအားလုံးတွက်ပူပန်နေရတယ် တစ်ယောက်တစ်နေရာစီနဲ့ ဘယ်တော့များမှ မိသားစုတွေပြန်ဆုံခွင့်ရမှာလဲ အရှေ့ထွက်လို့မရပေမယ့်လည်း နောက်ကွယ်ကနေဆက်ပြီးအတတ်နိုင်ဆုံးလုပ်သွားမယ် လှူသွားမယ် အိမ်ပြန်ချင်တဲ့တွက် အရေးတော်ပုံအောင်ကိုအောင်ရမယ်" ဆိုတဲ့စာလေးပဲဖြစ်ရာ ဖတ်ပြီးစိတ်မကောင်းမိတာအမှန်ပါပဲ။သဲတို့မိသားစုလည်း ဘေးအန္တရာယ်ကင်းရှင်းပါစေ ဆုတောင်းပေးလိုက်ပါတယ်နော်။

Photo Credit : Thazin Htoo Myint Facebook Account
Photo Credit : Thazin Htoo Myint Facebook Account
Source & Photo Credit : Thazin Htoo Myint Facebook Account
Source & Photo Credit : Thazin Htoo Myint Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T