လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမရှိဘူးလို့ ဝေဖန်ခံနေရတာနဲ့ပတ်သက်ပြီး ပြတ်သားစွာပြောလာတဲ့ ညိမ်းသော်

//s9.kh1.co/6c/6ce52bb0b1ff931dfe61bcdb94dae043855100a5.jpeg
အနုပညာရှင်များ

 ၀၉-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

....

၂၀၂၁ ဖေဖော်ဝါရီလထဲက မြန်မာနိုင်ငံအနှံအပြားက ပြည်သူတွေပါမက အနုပညာရှင်တွေပါ အင်တိုက်အားတိုက်ပါဝင်နေကြတဲ့ ဒီလူထုလှုပ်ရှားမှုကြီးဟာခုဆိုရင် အပစ်အခတ်တွေအပြင် နည်းမျိုးစုံဖြိုခွင်းခံရမှုတွေကို ရင်ဆိုင်နေရတာပါ။ ပြည်သူတွေအနေနဲ့ ဒီလိုဖြိုခွင်းချိန်မှာ ဆုတ်ခွာကြပြီး အခြေအနေတည်ငြိမ်တဲ့အခါ ပြန်လည်စုစည်းကာ ဆက်လက် လှုပ်ရှားလျက်ရှိကြတာကိုလည်း တကယ်ကိုလေးစားစွာတွေ့မြင်ရပါတယ်။

Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account

ဒီလိုဖြိုခွင်းနေချိန်တွေမှာ ဒဏ်ရာရရှိသူတွေရှိကြသလိုတစ်ချို့နေရာတွေမှာဆိုအသက်ပေးသွားရသူတွေလည်းမနည်းပါပဲနော်။တစ်ချို့ကလည်း အိမ်ပြန်ရန်ခက်ခဲမှုတွေရှိခဲ့တာကြောင့် နီးစပ်ရာ ပြည်သူတွေကပဲအိမ်မှာစောင့်ရှောက်ပေးထားကြတာ တကယ်ကိုစည်းလုံးညီညွတ်ပြီး မေတ္တာတရားကြီးမားကြတာကိုလေးစားစွာတွေ့မြင်ရပါတယ်။

Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account

အနုပညာရှင်တော်တော်များကလည်း ဒီနေ့ဒီချိန်ထိလမ်းမပေါ်ထွက်ကာလှုပ်ရှားမှုတွေကိုအားကြိုးမာန်တတ်ပြုလုပ်လေ့ရှိရာ ဒီထဲမှာမှညိမ်းသော်လည်းအပါအဝင်ပါပဲ။ညိမ်းသော်ဟာဆိုရင် လှုပ်ရှားမှုတွေစတင်ခဲ့ချိန်ထဲကပြည်သူနဲ့အတူရပ်တည်ကာတတ်အားသရွေ့ပါဝင်ခဲ့ပေမယ့် ဝေဖန်ခံရမှုတွေအနည်းငယ်ရှိနေတာကြောင့်ဒီနေ့မှာတော့ ပုံလေးတွေနဲ့အတူ " တခါတလေ ဓါတ်ပုံရိုက်ဖို့ ဆန္ဒ သိပ်မရှိဘူး ကိုယ်လိုချင်တာ ဟစ်ကြွေးဖို့ ပဲ (အရေးတော်ပုံအောင်ရမည် ) ဆန္ဒ စောနေတာနဲ့ ဓါတ်ပုံရိုက်မတင် တာများတယ် တချို့လူတွေရဲ့ အပြစ်တင်မှု ကင်ဝေးအောင် ဒီနေ့ တော့ ဓါတ်ပုံ တင်လိုက်သည် နောက် လဲ တင်ချင်မှ တင်မှာပါ "ဆိုတဲ့စာလေးကိုရေးသားဝေမျှထားရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account
Photo Credit : Nyein Thaw Facebook Account

Source & Photo Credit : Nyein Thaw Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T