ဖြိုခွင်းခံရမှုတွေကို ရှေ့တန်းကနေရဲရဲဝင့်ဝင့် ကာကွယ်ပေးနေတဲ့ သူရဲကောင်းတွေအတွက် လိုအပ်တာများလှူဒါန်းပေးခဲ့တဲ့မေ

//s9.kh1.co/03/03fd129fd4e60923f5a9c0145027be73071092c7.jpeg
အနုပညာရှင်များ

 ၁၁-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံမှာခုဆိုရင် တစ်ရက်ထက်တစ်ရက်ဖြိုခွင်းခံရမှုတွေအပြင် အပစ်အခတ်တွေကိုနေရာအနှံအပြားမှာနေရောညပါ ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ဒီလိုအန္တရာယ်တွေကြားမှာပဲ ပြည်သူအားလုံးက တစ်ယောက်နဲ့တစ်ယောက်ကူညီဖေးမကာ စည်းလုံးညီညွတ်နေကြတာလည်းတကယ်ကိုကြက်သီးထစရာပါပဲနော်။လူကြီးလူငယ်မရွေးပါဝင်နေကြတဲ့ ဒီလှုပ်ရှားမှုကြီးကလည်း အင်အားနည်းပါးမသွားဘဲ အရှိန်အဟုန်ကောင်းနေဆဲပါ။

 Photo Credit : May Facebook Page 
 Photo Credit : May Facebook Page 
 Photo Credit : May Facebook Page 
 Photo Credit : May Facebook Page 

မျိုးဆက်သစ်လူငယ်တွေအများစုပါဝင်တဲ့ ဒီလှုပ်ရှားမှုကြီးမှာ အားလုံးကသူတာဝန်နဲ့သူကိုယ်စီယူကာ ပါဝင်ဟစ်ကြွေးရင်း ဖြိုခွင်းသမျှကိုလည်း ရှေ့တန်းကနေအနစ်နာခံကာ အသက်ကိုပင်မမူဘဲ မျက်ရည်ယိုဗုံးများကိုလည်း ကာကွယ်ရှင်းလင်းပေးလျက်ရှိတာကိုလေးစားစွာတွေ့မြင်ရပါတယ်။အားလုံးကလည်း စည်းစည်းလုံးလုံးနဲ့ ရရာနေရာကနေ ကူညီဖေးမနေကြတာလည်းဖြစ်ပါတယ်။ဒီလိုဖြိုခွင်းမှုတွေကိုအကာအကွယ်အပြည့်အစုံနဲ ခုခံနိုင်ဖို့ကိုလည်း ပြည်သူတွေကောအနုပညာရှင်များက တတ်နိုင်သလောက်လှူဒါန်းပေးနေကြတာလည်းတွေ့မြင်ရပါတယ်။

 Photo Credit : May Facebook Page 
 Photo Credit : May Facebook Page 
 Photo Credit : May Facebook Page 
 Photo Credit : May Facebook Page 

ခုလည်းမေတစ်ယောက် ရှေ့တန်းကသူရဲကောင်းတွေအတွက် လိုအပ်တဲ့အကာအကွယ်ပစ္စည်းများစွာကို သူငယ်ချင်းတွေနဲ့စုပြီး လှူဒါန်းဖြစ်ခဲ့ကြောင်းပုံလေးတွေနဲ့တကွခုလိုရေးသားဖော်ပြလာတာဖြစ်ပါတယ်။" မနေ့က frontliner တွေ အတွက် ကာကွယ်ရေးသုံးပစ္စည်းလေးတွေ လှူဖြစ်ခဲ့ပါတယ်.. မြောက်ဥက္ကလာ လှိုင် နဲ့ တာမွေ အတွက် အယောက် ၄၀စာ လှူဖြစ်ခဲ့ပါတယ်.. ပါဝင် လှူဒါန်းပေးကြသူများကို ကျေးဇူးတင်ပါတယ်.. မြောက်ဥက္ကလာက ကျဆုံးသွားတဲ့သူတွေအတွက် အလှူငွေစာရင်းလဲ ပိတ်လိုက်ပါပြီ.. အခြေအနေတွေအရ သွားလို့မရသေးလို့ အဆင်ပြေမယ့်တစ်ရက် သွားလှူပါမယ်.. တကယ်ချို့တဲ့ပြီး လိုအပ်မယ် ထင်တဲ့သူတွေကို comment မှာမေ့ကို ပြောထားပေးပါနော်.. အားလုံးပဲ ဂရုစိုက်ကြပါ..."စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

 Photo Credit : May Facebook Page 
 Photo Credit : May Facebook Page 
 Photo Credit : May Facebook Page 
 Photo Credit : May Facebook Page 

Source & Photo Credit : May Facebook Page 

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T