အနာဂတ်အိမ်မက်တွေ မပျောက်အောင် ဒီမီုကရေစီကို ပြန်လည်ရယူမယ်ဆိုတဲ့ မလျော့သောဇွဲတွေနဲ့ ဆန္ဒထုတ်ဖော်နေတဲ့ စမ်းချောင်းမြို့နယ်၊ လမ်းသွယ်တွေထဲက လူထုလှုပ်ရှားမှုတွေဟာ ယနေ့ မတ်လ ၁၁ ရက်အထိ ဆက်လက်ချီတက်နေတာ တွေ့ရပါတယ်။ နေ့စဥ် တားဆီးပိတ်ဆို့မှုတွေရှိနေပေမယ့် စမ်းချောင်းလမ်းသွယ်သပိတ်စစ်ကြောင်းများက လမ်းမကြီးတွေပေါ်မှာ လှုပ်ရှားမှုတွေ မပြုလုပ်တော့ဘဲ ရပ်ကွက်ထဲက လမ်းသွယ်တွေထဲကို အဓိကနေရာယူပြီး ငြိမ်းချမ်းစွာနဲ့ ဆန္ဒထုတ်ဖော်ပြသနေကြတာ ဖြစ်ပါတယ်။
အမှတ်မထင် ဖြိုခွင်းမှုတွေရှိလာခဲ့ရင် မိမိတို့ရဲ့ စစ်ကြောင်းက သူရဲကောင်းတွေကို ဒဏ်ရာအနာတရမရရှိအောင် ဒိုင်းကာတွေနဲ့ လူငယ်တွေက ကာကွယ်ထားပေးတာ တွေ့ရပါတယ်။ ယင်းနောက် မိမိတို့ ခံယူချက်တွေကို တညီတညွတ် သံပြိုင်ဟစ်ကြွေးပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။ ပိတ်ဆို့ဖမ်းဆီးမှုတွေကြားထဲကနေ လမ်းပေါ်ထွက်လာခဲ့တဲ့ ယနေ့ စမ်းချောင်းမြို့နယ်ထဲက ပြည်သူ့အင်အားကတော့ တောင် နဲ့ မြောက် ပေါင်းလိုက်ရင် စုစုပေါင်း ပြည်သူ့အင်အား ၅၀၀ နီးပါးလောက်ရှိပါတယ်။
စမ်းချောင်းလမ်းသွယ်တွေထဲက လူထုလှုပ်ရှားမှုဟာ ပထမရက်တွေမှာ ပိတ်ဆို့ဖမ်းဆီးတာတွေရှိပြီး ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ပြည်သူ့အင်အားလျော့နည်းသွားခြင်းမရှိဘဲ တခြားမြို့နယ်တွေကလည်း လာရောက်ဝန်းရံပေးကြတာ ရှိပါတယ်။ လတ်တလော နေရာဒေသအသီးသီးက လူထုလှုပ်ရှားမှုတွေကလည်း ဆက်လက်အားကောင်းနေတာ တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ ယနေ့ စမ်းချောင်းလမ်းသွယ်တွေထဲက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာကို ပြန်လည်ဖော်ပြရင်း မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းအောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - MyanmarloadTV