ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဝေဖန်သူတစ်ချို့က အာဇာနည်လို့မခေါ်ထိုက်ဘူးပြောနေတာကြောင့် ပြန်လည်တုံ့ပြန်ပြောဆိုလိုက်တဲ့ ယွန်းယွန်း

//s9.kh1.co/eb/eb3ca1cf9f39781ce906aa12963667ed04c403e7.jpg
အနုပညာရှင်များ

 ၁၂-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဝေဖန်သူတစ်ချို့က အာဇာနည်လို့မခေါ်ထိုက်ဘူးပြောနေတာကြောင့် ပြန်လည်တုံ့ပြန်ပြောဆိုလိုက်တဲ့ ယွန်းယွန်း

မနေ့ကတော့ နွေဦးတော်လှန်ရေးပြုလုပ်ကြရင်း ပြည်သူအချို့ ထိခိုက်ဒဏ်ရာတွေရရှိကြတဲ့အပြင် ကျဆုံးမှုတွေပါ ရှိနေခဲ့ပါတယ်။ မနေ့ညက မြန်မာပြည်သူပြည်သားတွေဟာ လူထုလှုပ်ရှားမှုပြုလုပ်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတွေအတွက် ဖယောင်းတိုင်မီးတွေများစွာထွန်းပြီး ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ သရုပ်ဆောင်ယွန်းယွန်းက ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc

သူမကတော့ လူငယ်တစ်ယောက်ဖြစ်တာနဲ့အညီ တက်တက်ကြွကြွနဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ယွန်းယွန်းတစ်ယောက်ကတော့ မနေ့ကနွေဦးတော်လှန်ရေးဆင်နွှဲကြရင်း ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ပါတယ်။ သူမက ယခုမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ဝေဖန်သူတစ်ချို့က အာဇာနည်လို့မခေါ်ထိုက်ဘူးပြောနေတာကြောင့် ပြန်လည်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc

သူမကတော့ " ပြောထွက်တဲ့သူတွေကပြောရက်သေးတယ် ထွက်ပြေးကြရင်းအသက်ပေးလိုက်ရလို့ "အာဇာနည်" လို့မခေါ်ထိုက်ဘူးတဲ့.. တကယ်တော့ အသက်ဆုံးရှုံးရနိုင်မှန်းသိသိရက်နဲ့ နိုင်ငံ့အရေးအတွက် အိမ်ကထွက်လာကတည်းက အာဇာနည်ဖြစ်ခဲ့ပြီးသားပါ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပြုလုပ်နေကြတဲ့ မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးရန်အသွယ်သွယ်မှာ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source: Yoon Yoon ' s Facebook Acc

Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T