သာကေတမြို့နယ်မှ လမ်းများ နှင့် ရပ်ကွက်များ၏ လက်ရှိအခြေနေ

//s9.kh1.co/4f/4fc8e7a457244f12bc3c26db4b19d82a1a65a5f4.jpg
နေ့စဉ်သတင်းများ

 ၁၂-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံတွင် လက်ရှိချိန်မှာ ဖြစ်ပေါ်နေသော ကိစ္စကြောင့် ပြည်သူတွေဟာ နေ့စဉ်ဆိုသလို ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိပါတယ်။ တချို့က လမ်းမပေါ်ထွက် ဆန္ဒပြကြသလို တချို့ကတော့ သက်ဆိုင်ရာ လမ်းတွေမှာပဲ အတားအစီးတွေချကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြပါတယ်။ သို့သော်လည်း  မြို့နယ်တော်တော်များများမှာ ဖြိုခွဲခံရမှုတွေရှိပြီး ကျဆုံးသူတွေလည်း ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/bd/bdbd408dad85fa75b538a5c8429e06cd2afef88f.jpg
https://s9.kh1.co/__image/w=650,h=487,q=100/4b/4b91e971543e58b4d45e66cfb1238692df9e4416.jpg

ကျဆုံးသူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့လည်း အတားအစီးများစွာကို ပြုလုပ်လာကြသလို မိမိကိုယ်ကိုကာကွယ်ကြဖို့လည်း လုပ်ဆောင်နေကြပါတယ်။ တချို့နေရာတွေမှာ လမ်းမတွေကိုအတားအစီးတွေချထားကြပြီး တချို့နေရာတွေမှာတော့ ကင်းသမားတွေချထားကာ ဂိတ်တံခါးများလည်း ပြုလုပ်ထားကြပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/9c/9ce61f9f29b37888901202ab3a4ef69e5e7298f4.jpg
https://s9.kh1.co/__image/w=650,h=487,q=100/77/7726a9a0a269b44a8a55b01aa61d915288cd9ac0.jpg
https://s9.kh1.co/__image/w=650,h=487,q=100/65/65386974013d70172a6d05ff2c8d9dcce79f8948.jpg

ဒီကနေ့ မတ်လ(၁၂)ရက်နေ့ ရန်ကုန်မြို့သာကေတမြို့နယ် လမ်းမများရပ်ကွက်များရဲ့ညနေပိုင်းအခြေအနေတွေကိုလည်း ပုံမှာတွေ့ရှိရမှာပါ။ " လမ်းတွေပိတ်ပြီးသွားလာရ ခက်အောင် တမင်လုပ်ထားတာ မဟုတ်ပါဘူး။ ဘယ်အချိန် လာဖမ်းကြမလဲ ... ဘယ်အချိန်လာပြီး ပစ်ကြမလဲ ဆိုတာမသိဘူး ... လက်နက်မရှိတဲ့ ပြည်သူတွေအနေနဲ့ ကိုယ့်ရပ်ရွာ မြို့နယ်နေပြည်သူများ လုံခြုံစေလိုတဲ့ ဆန္ဒနဲ့ ကာကွယ်ထားကြတာပါ" လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/95/95a9304954cf40a8b4814dbb6d38077c63eaea52.jpg
https://s9.kh1.co/__image/w=650,h=487,q=100/4d/4d8a08f8a47f4c05f1c0d3c11b228722cb0772c7.jpg
https://s9.kh1.co/__image/w=650,h=487,q=100/4b/4b36b226901ef5295a6b78a9946b7e2df0713209.jpg
https://s9.kh1.co/__image/w=650,h=487,q=100/49/4951fff30aca002bb93d778012af963058c77eb1.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T