ကျဆုံးသွားတဲ့ ရဲရဲတောက်သူရဲကောင်းတွေအတွက် ဆုတောင်းမေတ္တာပို့သပေးရင်း စိတ်အပင်ပန်းပြေစေမယ့် ဗီဒီယိုလေးကို ချပြလာတဲ့ နေတိုး

//s9.kh1.co/19/1988d20136229289cb42769d77f3e3dc6952dbe8.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့ ရဲရဲတောက်သူရဲကောင်းတွေအတွက် ဆုတောင်းမေတ္တာပို့သပေးရင်း စိတ်အပင်ပန်းပြေစေမယ့် ဗီဒီယိုလေးကို ချပြလာတဲ့ နေတိုး

မြန်မာပြည်သူပြည်သားတွေကတော့ နွေဦးတော်လှန်ရေးကို နေ့ခင်းဘက်မှာလည်း ဆင်နွှဲနေသလို ညဘက်တွေမှာလည်း ဆီမီးတွေထွန်းပြီး လူထုလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်နေကြတာဖြစ်ပါတယ်။ ပြည်သူတွေကတော့ အခက်အခဲတွေမျိုးစုံကြားပဲ အမှန်တရားတစ်ခုကိုစွဲကိုင်ပြီး ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်တွေနဲ့ နွေဦးတော်လှန်ရေးကို ပြုလုပ်နေကြပါတယ်။ အမှန်တရားဘက်ကနေ ရပ်တည်နေတဲ့ နေတိုးက ပြည်သူတွေစိတ်ခွန်အားဖြစ်စေမယ့် စာအတိုလေးတွေကိုလည်း လူမှုကွန်ယက်ထက်မှာ မျှဝေပေးလေ့ရှိပါတယ်။

 Photo Credit: naytoe 2021officially ' s facebook page
 Photo Credit: naytoe 2021officially ' s facebook page
 Photo Credit: naytoe 2021officially ' s facebook page
 Photo Credit: naytoe 2021officially ' s facebook page

သူကတော့  အသက်ပေးလိုက်ရတဲ့သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းနေခဲ့ပါတယ်။ ယခုမှာတော့ နေတိုးတစ်ယောက်ဟာ နွေဦးတော်လှန်ရေးပြုလုပ်ကြရင်း ကျဆုံးသွားတဲ့ရဲရဲတောက်သူရဲကောင်းတွေအတွက် ဆုတောင်းမေတ္တာပို့သပေးရင်း စိတ်အပင်ပန်းပြေစေမယ့် ဗီဒီယိုဖိုင်လေးကို ချပြလာခဲ့ပါတယ်။နေတိုးက လရောင်ချော့တေးသီချင်း သီဆိုနေတဲ့ဗီဒီယိုဖိုင်လေးကို ချပြလာခဲ့တာပဲဖြစ်ပြီး အဆိုပါဗီဒီယိုဖိုင်ဟာ ကြားရသူတိုင်းရဲ့ရင်ကိုအေးချမ်းစေခဲ့ပါတယ်။

 Photo Credit: naytoe 2021officially ' s facebook page
 Photo Credit: naytoe 2021officially ' s facebook page
 Photo Credit: naytoe 2021officially ' s facebook page
 Photo Credit: naytoe 2021officially ' s facebook page

သူကတော့ " လောဘ​ ဒေါသ ​မောဟ မာန .....အစရှိ​သော ကိ​လေသာအ​ညစ်အ​ကြေးတွေနဲ့ ပြည့်နှက်​နေတဲ့ ​​နေချင်စရာမ​ကောင်းတဲ့လောကကြီးထဲမှ ထွက်ခွာသွားကြပြီဖြစ်တဲ့ ညီ​လေး၊ညီမ​လေး​များနဲ့ အသက်​ပေးပြီးတိုက်ပွဲဝင်သွားခဲ့ကြ​သောသူရဲကောင်း ညီအစ်ကို​မောင်နှမများအားလုံး ​ကောင်းရာသုကတိ​ရောက်ကြပါ​စေလို့ ဆုတောင်းမေတ္တာပို့သလျှက်ပါ...မာယာများလွန်းလှတဲ့​​လောကကြီးထဲမှ သောက​တွေဖယ်ပြီး ငြိမ်းချမ်းတဲ့ဘုံဘဝတစ်ခုမှာအေးချမ်းကြပါ​စေ" ဆိုပြီး ဆုံးပါးသွားသူတွေအတွက် ဆုတောင်းပေးနေခဲ့ပါတယ်။ လရောင်ချော့တေးသီချင်းကို သီဆိုနေခဲ့တဲ့ နေတိုးရဲ့ဗီဒီယိုဖိုင်ကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : naytoe 2021officially ' s facebook page

 Photo Credit: naytoe 2021officially ' s facebook page
 Photo Credit: naytoe 2021officially ' s facebook page
 Photo Credit: naytoe 2021officially ' s facebook page
 Photo Credit: naytoe 2021officially ' s facebook page

https://www.facebook.com/NaytoeOfficial2021/videos/1354136038318579/

(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို Copy လုပ်ပြီးလျှင် Facebook ကိုနှိပ်၍ ဖွင့်ပါ)

Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T