ပြည်သူတွေအတွက် ကူညီထောက်ပံ့တဲ့အလှူလေးတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းပေးခဲ့တာတွေကို ဖော်ပြလာခဲ့တဲ့ ဖြူဖြူကျော်သိန်း

//s9.kh1.co/c3/c30a55d29bc870d1222bf24c305378051f67d169.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီမီုကရေစီအရေးကို ပြန်လည်တည်ဆောက်ဖို့ တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေတဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်းအပြည့်အဝရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ဖြူဖြူကျော်သိန်းလည်း အပါအဝင်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် တစ်ထောင့်တစ်နေရာကနေ တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ တတ်နိုင်သလောက်လည်း အလှူလေးတွေပြုလုပ်ခဲ့ပါတယ်။ ဖြူဖြူကျော်သိန်း က လတ်တလောမှာ မိဘနှစ်ပါးရဲ့ ကျန်းမာရေးအခြေအနေကြောင့် ပြည်သူတွေနဲ့ အတူ ရှေ့တန်းမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိပေမယ့် နောက်တန်းကနေ လိုအပ်တာလေးတွေကို ကူညီထောက်ပံ့တဲ့ အလှူလေးတွေ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Phyu Phyu Kyaw Thein fb page

ဒီမီုကရေစီအရေးလှုပ်ရှားနေ့တဲ့ ပြည်သူတွေအတွက် နောက်တန်းကနေ ကူညီပံ့ပိုးပေးခဲ့တဲ့ အလှူလေးတွေကတော့ စားသောက်စရာများနဲ့ ရှေ့တန်းမှာ လိုအပ်နေတဲ့ အကာကွယ်ပစ္စည်းတွေကိုလှူဒါန်းပေးတဲ့နေရာမှာလည်း ပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ယခုလို ဒီမိုကရေစီအရေး ပြန်လည်ရရှိအောင် လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အချိန်လေးမှာ မွေးလူနာများအတွက် အခမဲ့ဖွင့်ပေးထားတဲ့ သားဖွားဆေးခန်းများကို အလှူငွေများ လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page

ဒီလိုအလှူလေးတွေ နောက်တန်းကနေ တတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာနဲ့ပတ်သက်ပြီး ပြည်သူ့ပရိသတ်တွေ ကြည်နူးပီတိဖြစ်အောင် ပါဝင်လှူဒါန်းပေးခဲ့တာတွေကို စုပေါင်းဖော်ပြပေးခဲ့ပါတယ်။ ဒါ့အပြင် ဖြူဖြူကျော်သိန်း က ပြည်သူတွေအတွက် နောက်တန်းကနေပဲ နည်းလမ်းမျိုးစုံနဲ့ ဝန်းရံနေပါတယ် ဆိုပြီး ပြောထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ဖြူဖြူကျော်သိန်းကို ကျေးဇူးတင်စကားလေး ပြောပေးခဲ့ပါဦး။

Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page
Photo Credit - Phyu Phyu Kyaw Thein fb page

သတင်း အရင်းအမြစ်Source - Phyu Phyu Kyaw Thein fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T