ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ သားသမီးတွေကို ပညာရေးထောက်ပံ့ဖို့အတွက် မိသားစုဝင်ငွေထဲကနေ လစဥ်လှူဒါန်းမယ့် ယွန်းယွန်း

//s9.kh1.co/b1/b127611da4bb2db38aff757b4aac33398f51cb5a.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ သားသမီးတွေကို ပညာရေးထောက်ပံ့ဖို့အတွက် မိသားစုဝင်ငွေထဲကနေ လစဥ်လှူဒါန်းမယ့် ယွန်းယွန်း

ဒဏ်ရာတွေအပြင်းအထန်ရရှိကြတဲ့ အပြင် ကျဆုံးမှုတွေပါရှိနေပေမယ့် မြန်မာပြည်သူပြည်သားတွေကတော့ ရဲရဲဝင့်ဝင့်နဲ့ နွေဦးတော်လှန်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိနေခဲ့ပါတယ်။ ယနေ့မှာလည်း နွေဦးတော်လှန်ရေးပြုလုပ်ကြရင်း ပြည်၊မန္တလေးစတဲ့နေရာတွေမှာ ထိခိုက်ဒဏ်ရာတွေရရှိနေကြပါတယ်။ ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ ယွန်းယွန်းကတော့ အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေအတွက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။

Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc

ယခုမှာတော့ ယွန်းယွန်းတစ်ယောက်ဟာ  နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ သားသမီးတွေကို ပညာရေးထောက်ပံ့ဖို့အတွက် မိသားစုဝင်ငွေထဲကနေ လစဥ်လှူဒါန်းမယ့်အကြောင်း ဖွင့်ဟလိုက်ပါတယ်။ သူမက " ဒါလေးကိုတော့ မပျက်မကွက် နောက်ဆုံးထွက်သက်ထိ...ပါဝင်ပါမည်နာကျင်သွေးပျက်ရတဲ့နေ့တွေ...အမြန်ကုန်လွန်ပါစေ ကတိပေးပါတယ် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc

သူမကတော့ " ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူတွေရဲ့ သားသမီးတွေ ပညာရေးကိုLifelong support လုပ်ပေးဖို့လိုတယ် မြင်မိပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားရင် မိသားစု ဝင်ငွေထဲကနေ လစဉ်လှူဒါန်းဖို့ ကတိပြုပါတယ်။သဘောတူရင် ကူးတင်လို့ရပါတယ် သူတို့အနာဂတ်တွေ မပျက်စေဖို့ ဝိုင်းဝန်းကြမယ်နော် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဆင်နွှဲကြရင်း ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေအားလုံး အေးငြိမ်းသောဘုံဘဝသို့ရောက်ရှိကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်။

Source : Yoon Yoon ' s Facebook Acc

Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Photo Credit: Yoon Yoon ' s Facebook Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T