ပြည်မြို့မှာ ကျဆုံးသွားတဲ့ ညီလေးထက်မြတ်အောင်အတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းနေပြီး သူရဲ့ခံစားချက်တွေကို ဖွင့်ဟလိုက်တဲ့ ဥက္ကာမင်းမောင်

//s9.kh1.co/e6/e68844b862badcaa835564f68ce48bca2a0611eb.jpg
အနုပညာရှင်များ

 ၁၃-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ပြည်မြို့မှာ ကျဆုံးသွားတဲ့ ညီလေးထက်မြတ်အောင်အတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းနေပြီး သူရဲ့ခံစားချက်တွေကို ဖွင့်ဟလိုက်တဲ့ ဥက္ကာမင်းမောင်

ယနေ့မှာတော့ နွေဦးတော်လှန်ရေးဆင်နွှဲကြရင်း ပြည်သူအချို့ ထိခိုက်ဒဏ်ရာတွေများစွာရရှိကြတဲ့အပြင် ပြည်မြို့က ပြည်သူတစ်ဦးလည်း အသက်ပေးခဲ့ရပါတယ်။နိုင်ငံအတွက် အသက်ပေးခဲ့ရတဲ့ ပြည်မြို့က ညီလေးထက်မြတ်အောင်ဟာ အသက်၁၉နှစ်အရွယ်သာရှိသေးတဲ့ လူငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ ကျဆုံးသွားတဲ့ ညီလေးထက်မြတ်အောင်ရဲ့ သတင်းဟာ မြန်မာပြည်သူပြည်သားတွေကို အလွန်စိတ်မကောင်းဖြစ်ဝမ်းနည်းစေခဲ့ပါတယ်။

Photo Credit: okkar min maung ' s facebook page 
Photo Credit: okkar min maung ' s facebook page 
Photo Credit: okkar min maung ' s facebook page 
Photo Credit: okkar min maung ' s facebook page 

ယခုမှာတော့ ဥက္ကာမင်းမောင်တစ်ယောက်ဟာ ယနေ့မှာ ကျဆုံးသွားတဲ့အသက်၁၉နှစ်အရွယ်ညီလေးထက်မြတ်အောင်အတွက် စိတ်မကောင်းဖြစ်ဝမ်းနည်းနေပြီး သူရဲ့ခံစားချက်တွေကို ဖွင့်ဟလိုက်ပါတယ်။ သူကတော့ " ပြည်မြို့မှာ ဒီ​နေ့ ​သေဆုံးခဲ့ရတဲ့ အသက် ၁၉ နှစ်ပဲရှိ​သေးတဲ့ သူရဲ​ကောင်း ညီ​လေးထက်မြတ်​အောင်​... ရင်ထဲ ​တော်​တော်မ​ကောင်းဘူး.. တစ်ဦးတည်း​သောသားတဲ့.. သူ့မိဘ​တွေ ဘယ်​လောက်​တောင်ရင်ကျိုးလိုက်မလဲ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: okkar min maung ' s facebook page 
Photo Credit: okkar min maung ' s facebook page 
Photo Credit: okkar min maung ' s facebook page 
Photo Credit: okkar min maung ' s facebook page 

သူကတော့ " အနာဂါတ်တက်လမ်း​တွေ ရှိတဲ့ ​ခေတ်လူငယ်​တွေ ​​စောက်အာဏာရူး​တွေနဲ့ ​စောက်သုံးမကျတဲ့ ရဲ​တွေ​ကြောင့် ​သေ​ကြေပျက်စီး ရတာ.. တချို့ မ​သေလည်း ဒုက္ခိတဖြစ်ရတာ မန္တ​လေးမှာလည်း ၉​ယောက်​သေတယ်လို့ ကြားပါတယ်.. မသတ်ကြပါနဲ့​တော့.. ​တောင်းပန်ပါတယ်.. ညီ​လေး​ရေ... ​ကောင်းရာသုဂတိလားပါ​​စေ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။နွေဦးတော်လှန်ရေးဆင်နွှဲရင်း ပြည်မြို့မှာ ကျဆုံးသွားပြီဖြစ်တဲ့ သူရဲကောင်းညီလေးထက်မြတ်အောင်တစ်ယောက် ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Source: okkar min maung ' s facebook page 

Photo Credit: okkar min maung ' s facebook page 
Photo Credit: okkar min maung ' s facebook page 
Photo Credit: okkar min maung ' s facebook page 
Photo Credit: okkar min maung ' s facebook page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T