လူထုလှုပ်ရှားမှုမှာ ကြွေလွင့်ခဲ့တဲ့ ကိုကျော်ဇင်လတ်ရဲ့ နောက်ဆုံးခရီးအတွက် ပရိက္ခရာ(၈)ပါးနဲ့ အလှူငွေများ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဟိန်းဝေယံ

//s9.kh1.co/74/743e479161ab2f6b56b867926c378c84ff6bb642.jpg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသား ဟိန်းဝေယံက အနုပညာအလုပ်တွေကို ဆယ်စုနီးပါးမက ကြိုးစားလုပ်ကိုင်လာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ ဒီမီုကရေစီအရေးမှာလည်း အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ တစ်သားတည်းအပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ ဒါ့အပြင် လမ်းပေါ်က ရဲရဲဝံ့ဝံ့ လူထုလှုပ်ရှားမှုတွေမှာပါဝင်ကြတဲ့ ပြည်သူတွေအတွက်လည်း အာဟာရဒါန စားသောက်စရာများကို ကိုယ်တိုင်ကိုယ်ကျ ဝေငှလှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Heinn Wai Yan fb page
Photo Credit - Heinn Wai Yan fb page
Photo Credit - Heinn Wai Yan fb page
Photo Credit - Heinn Wai Yan fb page

ယခုမှာဆိုရင်လည်း ဟိန်းဝေယံက ပရိသတ်တွေကြည်နူးစေမယ့် နောက်ထပ် အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီမီုကရေစီအရေးအတွက် လှုပ်ရှားပါဝင်ရင်း ရှေ့တန်းမှာ အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်း ကိုကျော်ဇင်လတ်(ခ)ကိုခိုင်ထူးရဲ့ နောက်ဆုံးခရီးအတွက် ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်များထံသို့ ပရိက္ခရာ(၈)ပါး၊ အလှူငွေ(၅)သိန်းနှင့် စားသောက်စရာများကို ကူညီလှူဒါန်းဖြစ်ပါတယ်။

Photo Credit - Heinn Wai Yan fb page
Photo Credit - Heinn Wai Yan fb page
Photo Credit - Heinn Wai Yan fb page
Photo Credit - Heinn Wai Yan fb page

ဒါ့အပြင် မိသားစုဝင်များကို အားပေးစကားပြောခဲ့ပြီး အာဇာနည် သူရဲကောင်း ကိုကျော်ဇင်လတ်ကို ကောင်းရာဘုံဘဝရောက်ရှိပါစေ ဆိုပြီး ဆုတောင်းပေးထားပါသေးတယ်။ ဟိန်းဝေယံက မကြာခဏဆိုသလို တတ်နိုင်သလောက် အလှူအတန်းတွေကိုလည်း ပြုလုပ်လှူဒါန်းပေးတာတွေ့ရပါတယ်။ ကဲ..ယခုမှာလည်း အာဇာနည်သူရဲကောင်း ကိုကျော်ဇင်လတ်အတွက် ဟိန်းဝေယံရဲ့ လှူဒါန်းပေးခဲ့တာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Heinn Wai Yan fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T