လူထုလှုပ်ရှားမှုကြီးမှာ အသက်ပေးကာတိုက်ပွဲဝင်သွားကြတဲ့ သူရဲကောင်းတွေကိုအလှူငွေများ လှူဒါန်းခဲ့တဲ့ ခင်ဝင့်ဝါနဲ့အလင်းရောင်

//s9.kh1.co/c7/c754927b38940ae7808743fb6529f976b360e614.jpeg
အနုပညာရှင်များ

 ၁၄-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

....

ခင်ဝင့်ဝါနဲ့ အလင်းရောင်ကတော့ မြန်မာနိုင်ငံရဲ့လူထုလှုပ်ရှားမှုကြီးမှာ ဖေဖော်ဝါရီအစထဲက စိတ်ရောကိုယ်ပါ အားတက်သရောပါဝင်ခဲ့တာဖြစ်ပါတယ်။နေ့စဉ်တိုင်းလိုလို လမ်းမပေါ်ထွက်ကာ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ဟစ်ကြွေးရင်း ရရာနေရာကနေ ပါဝင်ကူညီခဲ့တာလည်းဖြစ်ပါတယ်။အနုပညာရှင်တစ်ယောက်ဆိုတာကို စိတ်ထဲမထားဘဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ခဲ့သလို လမ်းမှာပဲထမင်းစားသောက်ခဲ့တဲ့ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကိုအချစ်ပို လေးစားစေခဲ့တာပါ။

Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
Photo Credit : Khin Wint Wah & Alinn Yaung Facebook Account

ဒါ့အပြင် သူတို့နှစ်ယောက်က လိုအပ်တဲ့အကာအကွယ်ပစ္စည်းတွေအပြင် အစားအသောက်တွေကိုလည်း လိုအပ်တဲ့နေရာတွေမှာလည်းလှူဒါန်းခဲ့ပါသေးတယ်။လူထုလှုပ်ရှားမှုကြီးကလည်းတစ်ရက်နဲ့တစ်ရက် အရှိန်ကောင်းလာကာ အပစ်အခတ်တွေကလည်း နေရာအနှံ့အပြားမှာ နေ့စဉ်တိုင်းဖြစ်ပေါ်နေတာကြောင့် အသက်ဆုံးရှုံးရသူတွေအပြင် ဒဏ်ရာရရှိသူတွေ ထိန်းသိမ်းခံရသူတွေလည်း များပြားလာခဲ့ပါတယ်။

Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
Photo Credit : Khin Wint Wah & Alinn Yaung Facebook Account

အခုလည်း ခင်ဝင့်ဝါနဲ့အလင်းရောင်တို့က သူငယ်ချင်းတွေနဲ့စုပေါင်းပြီး အသက်ပေးကာတိုက်ပွဲဝင်သွားကြတဲ့ သူရဲကောင်းအာဇာနည်တွေကို အလှူငွေများ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာကိုလေးစားစွာတွေ့မြင်ရပါတယ်။အလှူပုံရိပ်လေးတွေနဲ့အတူ " မနေ့ က ကျွန်မ တို့ သူငယ်ချင်းမိတ်ဆွေများ ၊ စေတနာရှင်ပြည်သူများ နှင့် ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများ ထဲ မှ ကျဆုံးသွားတဲ့မှအာဇာနည် ကိုဇော်ဇော်မိုး အသက်( ၃၆နှစ်) နှင့် အာဇာနည် မောင် ဝေယံမောင်မောင် (ခ) မန်ဆွန်းခိုင် အသက်(၂၇) နှစ် တို့ အတွက် ကျန်ရစ်သူမိသားစု များကို ဆက်သွယ်၍ သွားရောက် ပေးအပ်ခဲ့ပါသည် ။နောက်ရက်တွေမှာလည်း ရန်ကုန် နဲ့ နယ်အသီးသီးရှိ မလှူရသေးသောသူများထံ ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ယခုအချိန် မှာ သွား/ လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ်ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးပါရှင်။ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ "ဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာ ပြန်လည်ဝေမျှပေးလိုက်ပါရစေ။

Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
Source & Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
Source & Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T