သာကေတမြို့နယ်မှာ စည်းလုံးမှုနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခဲ့တဲ့ Generation XYZ

//s9.kh1.co/ec/ec916c3d83615373dd32571ebaeb1bd55a430591.jpg
နေ့စဉ်သတင်းများ

 ၁၄-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော ကိစ္စကြောင့် ပြည်သူတွေဟာ စည်းလုံးညီညွတ်စွာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသနေကြပါတယ်။ Generation XYZ တွေဟာလည်း အတူတကွ စည်းလုံးကာ ဆန္ဒပြပြည်သူတွေကို ကာကွယ်နိုင်ဖို့အတွက် အတာအဆီးများပြုလုပ်ထားခြင်းနှင့် ဒိုင်များကို ကိုင်ကာ အချင်းချင်း ကာကွယ်ပေးနေကြတာကို တွေ့ရှိကြရမှာပါ။ ဖြိုခွဲခံရမှုတွေလည်း အမြဲတမ်း တွေ့ကြုံနေရပေမယ့် ယနေ့ချိန်ထိ ဆက်လက် ဆန္ဒပြကြလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/82/82f34ecf38596ca06f79623a6b39832226e1e0af.jpg
https://s9.kh1.co/__image/w=650,h=487,q=100/00/00e1bc74f4464bbe1df579b408ca9e1c392e1e9a.jpg

မတ်လ(၁၄)ရက်နေ့ ရန်ကုန်မြို့ သာကေတမြို့နယ်တွင်လည်း ပြည်သူများဟာ စည်းလုံးညီညွှတ်မှု စည်းကမ်းရှိမှုတွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာကို‌တွေ့ရှိကြရမှာပါ။ " မနေ့ညတုန်းကတော့ နည်းနည်းမငြိမ်မသက်ဖြစ်သွားသေးတယ် ဒီနေ့လည်ထိတော့ အခြေနေအေးဆေးပါဘဲ ကလေးတွေကိုဘဲ စိတ်ပူတယ် နေပူရတဲ့ကြားထဲ သူတို့ရဲ့အနာဂတ်အတွက်သူတို့ကိုယ်တိုင် အပင်ပန်းခံနေကြရတယ်" လို့ ဆန္ဒထုတ်ဖော်သူ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

https://s9.kh1.co/__image/w=650,h=752,q=100/0b/0b08dbaed6cf901a236501b01527bd1fb25119da.jpg
https://s9.kh1.co/__image/w=650,h=487,q=100/dc/dcdf51aa696cf4a37a60cd1de98d013c2e48e3f5.jpg

Generation XYZ တွေဟာ လက်ရှိအချိန်မှာ မိမိတို့ရဲ့ အနာဂတ်မပျောက်ရေးအတွက် ခုလိုမျိုး နေ့စဉ်ဆက်တိုက်ဆိုသလို နေပူတဲ့ကြားထဲက လမ်းမပေါ်ထွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ပြည်သူတွေဟာလဲ သူတို့နဲ့အတူ စည်းလုံးညီညွတ်စွာ ဆန္ဒထုတ်ဖော်ပြသလျက်ရှိပါတယ်။ ယနေ့ မတ်လ ၁၄ ရက် သာကေတမြို့နယ်က ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသနေတဲ့ ဓာတ်ပုံတွေကိုလည်း တင်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/37/37e4ee306d53895c226276a497fb4f0248324d9b.jpg
https://s9.kh1.co/__image/w=650,h=330,q=100/d4/d4b31e0d2905ad80fa277d6ae5fe79d91d8673fa.jpg
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T