​ညပိုင်းငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်း ဖြိုခွင်းခံရတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိခဲ့တဲ့ ဒေါပုံမြို့နယ်

//s9.kh1.co/8f/8f810e365d7f482f1929e87c9062e4050832b4ff.jpeg
နေ့စဉ်သတင်းများ

 ၁၆-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.....

ကမ္ဘာတစ်ဝှမ်းလုံးရဲ့သတင်းတွေထိနေရာယူထားကာ အားလုံးရဲ့အထူးစိတ်ဝင်စားခြင်းခံနေရတဲ့ မြန်မာနိုင်ငံကလူထုလှုပ်ရှားမှုကြီးကအခုဆိုရင် ပြည်သူတွေဟာ ရင်ထဲကဆန္ဒတွေကို အရင်လိုငြိမ်းချမ်းစွာ ထုတ်ဖော်ခွင့် မရှိတော့ဘဲ ဖြိုခွင်းခံရမှုတွေ အပစ်အခတ်တွေရှိလာတာကြောင့် အသက်ဆုံးရှုံးမှုတွေ ဒဏ်ရာရရှိမှုတွေနဲ့ကြုံတွေ့နေရပြီဖြစ်ပါတယ်။ဦးဆောင်နေသူတွေကလည်း မျိုးဆက်သစ် ပညာတတ်လူငယ်လေးတွေဖြစ်တာကြောင့် သူတို့လေးတွေအသက်ဆုံးရှုံးသွားကြတဲ့အခါ အားလုံးက ရင်ကွဲမတတ် ကြေကွဲဝမ်းနည်းနေကြရတာအမှန်ပါပဲ။

https://s9.kh1.co/__image/w=650,h=473,q=100/9c/9c5d60e84a15533a5f3ff06c64349b21d70a7faa.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/89/89a57ce717eef157f9167ee80dd07af996914da3.jpeg

နေရောညပါ အပစ်အခတ်တွေရှိနေတာကြောင့် ပြည်သူတွေကလည်း မိမိတို့နေထိုင်ရာ ရပ်ကွက်မြို့နယ်အလိုက် နေရာအနှံ့အပြားမှာ အကာအကွယ်များကာရင်း ပိတ်ဆို့တားဆီးထားကြတာလည်းတွေ့ရပါတယ်။ပြည်သူအချင်းချင်းအပြန်အလှန်စောင့်ရှောက်ရင်း အားလုံးက လက်တွဲညီညီ ရိုင်းပင်းကူညီနေကြတာပါ။ဒါ့အပြင် ညဘက်တွေဆိုရင်လည်း ကားမှန်တွေ အိမ်တွေအဖျက်အဆီးခံရမှုတွေလည်း ဒီရက်ပိုင်းရှိနေတာကြောင့် ပြည်သူတွေဟာ စိုးရိမ်ပူပန်မှုတွေနဲ့နေထိုင်နေရတာလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/03/0310d1c54a873d7977eb1c4da81c2c684a3b3d6c.jpeg
https://s9.kh1.co/__image/w=650,h=488,q=100/d5/d544f06f8fad2835f712325050467a5344fddea4.jpeg

 ပြည်သူတွေက ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဇွဲမာန်အပြည့်နဲ့ ဒီနေ့ဒီချိန်ထိ တက်ကြွစွာ ရရာနေရာကနေ နေရောညပါ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ကာ လှုပ်ရှားမှုတွေပြုလုပ်နေဆဲပါ။မတ်လ(၁၅)ရက်နေ့ညမှာဆိုရင်လည်း ဒေါပုံမြို့နယ် ဝါဆိုမှတ်တိုင်အနီးမှာ ပြည်သူတွေ ညပိုင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ရင်း ဖြိုခွင်းခံရတာကြောင့် အတားအဆီးများ ဖျက်စီးကာ တစ်ဦးကျဆုံးရှုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရတာကြောင့် ပရိသတ်ကြီးလည်း သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 
 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T