လမ်းထဲမှာ အမှိုက်လိုက်သိမ်းနေတဲ့ကောင်မလေးကို လှူဖို့အတွက် ဆန်သွားဝယ်ပေးရင်း ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကို ပြောပြလာတဲ့ အေးသီတာ

//s9.kh1.co/ad/ad5fcce08551bfca8dc66e98be5b221947c803b6.jpg
အနုပညာရှင်များ

 ၁၇-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လမ်းထဲမှာ အမှိုက်လိုက်သိမ်းနေတဲ့ကောင်မလေးကို လှူဖို့အတွက် ဆန်သွားဝယ်ပေးရင်း ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကို ပြောပြလာတဲ့ အေးသီတာ

အနုပညာလောကမှာ နေရာတစ်ခုကိုအခိုင်အမာရယူထားနိုင်ခဲ့တဲ့ အေးသီတာကတော့ ရုပ်ရှင်ဇာတ်ကားတွေများစွာအပြင် ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးခဲ့သူတစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိအနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတာဖြစ်ပါတယ်။ အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ တတ်နိုင်သလောက် ပေးလှူလေ့ရှိတဲ့ သူမကတော့ အပြုံးချိုချိုနဲ့ စကားပြောဆိုတတ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit: Aye Thida ' s Facebooo Acc
Photo Credit: Aye Thida ' s Facebooo Acc
Photo Credit: Aye Thida ' s Facebooo Acc
Photo Credit: Aye Thida ' s Facebooo Acc

အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ ရပ်တည်လျက်ရှိနေတဲ့ သရုပ်ဆောင်အေးသီတာကတော့ လူထုလှုပ်ရှားမှုမှာလည်း တတ်နိုင်သလောက်ပါဝင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။  လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် လက်လုပ်လက်စားပြည်သူတွေဟာ စားဝတ်နေရေးအခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ယခုမှာတော့ အေးသီတာတစ်ယောက်ဟာ ထမင်းဖိုးလေးရအောင် လမ်းထဲမှာ အမှိုက်လိုက်သိမ်းနေတဲ့ကောင်မလေးကို လှူဒါန်းဖို့အတွက် ဆန်သွားဝယ်ပေးရင်း ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကို ပြောပြလာခဲ့ပါတယ်။ 

Photo Credit: Aye Thida ' s Facebooo Acc
Photo Credit: Aye Thida ' s Facebooo Acc
Photo Credit: Aye Thida ' s Facebooo Acc
Photo Credit: Aye Thida ' s Facebooo Acc

အေးသီတာကတော့ "လမ်းထဲမှာအမှိုက်လာသိမ်းနေတဲ့ကောင်မလေးသူ့နာမည်ကအေးသီတာတဲ့ ကိုယ်နဲ့နာမည်တူဟိုနေ့ကအမှိုက်လာသိမ်းရင်းသူတို့ကိုလခလည်းမထုတ်ပေးနိုင်ဘူးတဲ့ အိမ်မှာလည်းမနေနိုင်ဘူးသေရင်သေပါစေ ထမင်းဖိုးလေးရအောင်လမ်းထဲအမှိုက်လိုက်သိမ်းနေတယ်ဆိုလို့ဒီနေ့လှိုင်ဝတီကျော်မှာအိမ်အတွက်ဆန်ဝယ်ရင်းသူတို့အတွက်ပါဝယ်ခဲ့တာ အဲ့အမကလှူပေးလိုက်တယ်ဝမ်းသာလိုက်တာလှိုင်ဝတီကျော်မိသားစုဆထက်တန်ဖိုးလှူနိုင်ပါစေ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လှူဒါန်းဖို့အတွက် ဆန်သွားဝယ်ပေးရင်း သွားဝယ်တဲ့ဆန်ဆိုင်ကပါ အမှိုက်လိုက်သိမ်းတဲ့ ကောင်မလေးအတွက် ဆန်တွေပေးလှူခဲ့တာပဲဖြစ်ပါတယ် ။သရုပ်ဆောင်အေးသီတာရဲ့ အလှူအတန်းတွေပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source: Aye Thida ' s Facebooo Acc

Photo Credit: Aye Thida ' s Facebooo Acc
Photo Credit: Aye Thida ' s Facebooo Acc
Photo Credit: Aye Thida ' s Facebooo Acc
Photo Credit: Aye Thida ' s Facebooo Acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T