ဂျoပန်နိုင်ငံမှာပဲရှိတဲ့ ထူးဆန်းသောဝန်ဆောင်မှုလုပ်ငန်း၁ဝမျိုး

ဂျပန်နိုင်ငံပာာ ခေတ်မှီတာနှင့်အမျှ ထူးဆန်းတဲ့ဝန်ဆောင်မှုဂတွေအများအပြားရှိလာကြပါပြီ။၎င်းတို့ကတော့

၁။Cuddle Cafe(ပွေ့ဖက်လို့ရတဲ့ကဖီး)

ကိုယ်မတွေ့ဖူးမမြင်ဘူး တဲ့မိန်းကလေး ကို ပွေ့ဖက်လို့ရတဲ့ ဝန်ဆောင်မှုပါ။ ဒါကိုတော့ တစ်နာရိီကို ဒေါ်လာရ၇ ကျပ်ဖြင့်ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။

၂။Rent A Friend Service (သူငယ်ချင်းငှားတဲ့ဝန်ဆောင်မှုလုပ်ငန်း)

တကယ်လို့ သင်ပာာအထီးကျန်နေတယ်ဆိုရင် ထိုဝန်ဆောင်မှုပေးတဲ့ ဆိုင် ကို သွားနိုင်ပါပြီ။ကိုယ့်အတွက် သူငယ်ချင်းတစ်ယောက် လို အဖော်ပြုပေးမှာပါ။

၃။Ear Cleaning Parlour(နားသန့်ရှင်းရေးဝန်ဆောင်မှုလုပ်ငန်း)

နားညစ်ပတ်တဲ့ အခါမှာလည်းသန့်ရှင်းရေးဝန်ဆောင်မှုမျိုးကို ဂျပန်နိုင်ငံမှာပေးနေပါပြီနော်။

၄။Summer Homework Service(နွေရာသီအိမ်စာလုပ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း)

နွေရာသီမှာ ကလေးတွေ အ်ိမ်စာ မလုပ်ချင် လို့ပဲဖြစ်ဖြစ် မလုပ်အားလို့ပဲ ဖြစ်ဖြစ် ကလေးတွေ အတွက် အိမ်စာလုပ်ပေးမယ့် ဝန်ဆောင်မှုလေး ဂျပန်နိုင်ငံမှာရှိနေပါပြီနော်။

၅။Wedding Guest Service(မင်္ဂလာဆောင်ဧည့်သည်ဝန်ဆောင်မှုလုပ်ငန်း)

သင့်မင်္ဂလာဆောင်ကို ဧည့်သည် မလာမှာစိုးရိမ်စိတ်ပူနေပါသလား။မင်္ဂလာဆောင်ကို ဧည့်သည်အပြည့်အဝရောက်လာမည့် ဝန်ဆောင်မှုမျိုး ပေးနေပါပြီ။

၆.Solo Wedding Service(တစ်ကိုယ်တော် မင်္ဂလာဆောင် ပွဲ ကျင်းပပေးသည့်ဝန်ဆောင်မှုလုပ်ငန်း)

တစ်ကိုယ်တော် မင်္ဂလာဆောင်လို့ရအောင် ဆံပင်၊မိတ်ကပ်၊ဓါတ်ပုံရိုက်ကူးရေး၊ပန်းအလှဆင်ရေး အဝဝ တို့ကို ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေ ဂျပန်မှာရှိနေပါပြီ။

၇။Rent a foreigner (နိုင်ငံခြားသားငှားရမ်းပေးသည့်ဝန်ဆောင်မှုလုပ်ငန်း)

နိုင်ငံခြားသူငယ်ချင်းများ ခေါ်ယူလိုပါသလား။ထိုဝန်ဆောင်မှုမျိုးတွေရရှိနေပါပြီ။

၈။Bare Thigh Service(ပေါင်ဗလာမှာကြော်ငြာကပ်ပေးတဲ့လုပ်ငန်း)

သင့်ကြော်ငြာတွေကို မိန်းကလေးတွေရဲ့စကပ်အောက်နဲ့ ခြေအိပ်အပေါ် လစ်လပ်နေတဲ့နေရာမှာ ကြော်ငြာ လေးတွေကပ်ပြီး ကြေညာ လို့ရပြီနော်။

၉။Apologizing Service(ကိုယ်စားတောင်းပန်ပေးမည့်ဝန်ဆောင်မှု)

ကိုယ်တောင်းပန်သင့်သော်လည်း ကိုယ်တိုင် မတောင်းပန်ချင်သောအခါ ကိုယ်စားတောင်းပန်ပေးတဲ့ဝန်ဆောင်မှုမျိုး ရှိနေပါပြီ။

၁၀။World's Shortest Elevator(ကမ္ဘာ့အတိုဆုံးစက်လှေခါး)

ကမ္ဘာအတိုဆုံးစက်လှေခါး ကို ဂျပန်နိုင်ငံမှာတွေ့ရှိနိုင်ပါတယ်။စက်လှေခါးမှာ အထပ်ပေါင်း ၅ ထပ်သာရှိပြီး အမြင့်၃၃ လက်မ သာရှိပါတယ်။

ကဲဒီလို ဝန်ဆောင်မှုတွေရှိတဲ့ ဂျပန်နိုင်ငံ ကို အလည်သွားချင်ကြလားဗျို့။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။