လင်းအောင်ခေတ်ကတော့ ဖေဖော်ဝါရီလထဲစတင်ခဲ့တဲ့ ဒီလူထုလှုပ်ရှားမှုကြီးမှာ စိတ်ရောကိုယ်ရော အခိုင်အမာရပ်တည်ကာ အားကြိုးမာန်တက်ပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။တစ်ရက်မပျက် လမ်းမပေါ်ထွက်ကာ ရင်ထဲကဆန္ဒတွေကို ရဲရဲဝင့်ဝင့်ထုတ်ဖော်ခဲ့သလို ရှေ့တန်းကနေလည်း ဖြိုခွင်းသမျှကို ကာကွယ်ခုခံရင်း ရရာနေရာတွေကနေ ပါဝင်အားဖြည့်ခဲ့တာကိုလေးစားစွာတွေ့မြင်ရပါတယ်။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account

အရင်လို ငြိမ်းချမ်းစွာ ရင်ထဲကဆန္ဒတွေကိုထုတ်ဖော်ခွင့်မရှိတော့ပေမယ့်လည်း ပြည်သူတွေကတော့ အားမလျော့ဘဲ အပစ်အခတ်တွေ ဖြိုခွင်းမှုတွေကြားကနေပဲ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ရှိဖို့အတွက် ဆက်လက်လှုပ်ရှားပါဝင်နေကြတာပါ။ခုဆိုရင် ပြည်သူတွေဟာ အသက်အိုးအိမ်တွေပါ ဆုံးရှုံးရသည်ထိ နေရာအနှံအပြားမှာ ကြုံတွေ့နေရပြီး သတင်းတွေတက်လာတိုင်းလည်း သွေးမတော်သားမစပ်ကြပေမယ့် အားလုံးက ယူကြုံးမရ ဝမ်းနည်းမျက်ရည်ကျကြရတာအမှန်ပါပဲ။

Photo Credit : Lin Aung Khit Facebook Account
Photo Credit : Lin Aung Khit Facebook Account

ဒီလို အတားအဆီးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ကာ လှုပ်ရှားမှုပြုရင်း ကြွေလွင့်သွားကြတဲ့ သူရဲကောင်း တွေကို ပြည်သူတွေက လေးစားဂုဏ်ပြုရင်း ဆုတောင်းပေးကြသလို အနုပညာရှင်တွေကလည်း ကျန်ရစ်သူမိသားစုတွေကို တတ်နိုင်သလောက် အလှူငွေများသွားရောက်လှူဒါန်းခဲ့ကြတာလည်းဖြစ်ပါတယ်။အခုလည်းလင်းအောင်ခေတ်ဟာ လှိုင်သာယာမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မိသားစုကို အလှူငွေများ သွားရောက်လှူဒါန်းရင်း အားပေးစကားပြောကာ နှစ်သိမ့်ပေးခဲ့ပါတယ်။ ပုံလေးတွေနဲ့အတူ " လိပ်ပြာတွေလုံချင်ရုံမဆောင်ခဲ့ပါဘူးချစ်သော လှိုင်သာယာရေ။ကျနော်တို့တတ်နိုင်သလောက်ကျနော်တို့ဖေးမကြရအောင်ဗျာ။တကယ်ကို ချို့တဲ့တာတဲ့ ပိုလွန်းတယ်ဗျာ။မျက်ဝန်းတွေမှာ အားငယ်နေတဲ့ အရောင်တွေအတွက် ကျနော်တို့ ဆက်ပြီး ဖေးကူအုံးမှာပါ" ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း ကြွေလွင့်သွားတဲ့ အာဇာနည်တွေအားလုံးလည်း ကောင်းရာသုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Lin Aung Khit Facebook Account
Source & Photo Credit : Lin Aung Khit Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။