ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မေကတော့ ခုမြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာကြောင့် ရရာနေရာကနေ တတ်နိုင်သလောက် စိတ်ရော ကိုယ်ပါနှစ်ပြီး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်းများကိုလည်း လှူဒါန်းပေးနေတာ အားလုံးအမြင်ပါပဲ။

 Photo Credit : May Facebook Page
 Photo Credit : May Facebook Page

နိုင်ငံတကာရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ ဒီလုထုလှုပ်ရှားမှုကြီးကတော့ ခုဆိုရင် အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေလည်း တစ်ရက်ထက်တစ်ရက်တိုးနေခဲ့တာကြောင့် နှမျောတသ စိတ်မကောင်း    ဖြစ်မိတာအမှန်ပါပဲ။ ခုဆိုတစ်ချို့မြို့နယ်တွေမှာ အတားအဆီးတွေနဲ့ အချိန်ပြည့်စောင့်ကြည့်ခံနေရသလို ပစ်ခတ်မှုတွေလည်းနေ့ရော ညပါရှိနေတာကြောင့် ပြည်သူတွေဟာ စိုးရိမ်ပူပန်ကြောက်လန့်မှုတွေနဲ့ပဲ မိမိတို့အိမ်ထဲမှာ နေထိုင်နေရတာဖြစ်ပါတယ်။

 Photo Credit : May Facebook Page
 Photo Credit : May Facebook Page

ဒီလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ အိမ်ထောင်စုတွေကို ပြည်သူတွေကော အနုပညာရှင်တွေကပါ တတ်နိုင်သလောက် စုပေါင်းပြီ အလှူငွေတွေအပြင် အစားအသောက်ပစ္စည်းတွေပါ ကူညီလှူဒါန်းပေးနေကြတာကိုလည်းတွေ့မြင်ရပါတယ်။အခုလည်း မေက မိတ်ဆွေတွေနဲ့ စုပေါင်းပြီး  စားဝတ်နေရေးခက်ခဲနေတဲ့ လှိုင်သာယာက ပြည်သူတွေကို ငွေကျပ် သုံးသောင်းနဲ့ အိမ်ထောင်စု (၅၀)စာ သွားရောက်လှူဒါန်းခဲ့ကြောင်းပုံလေးတွေနဲ့တကွခုလိုဖော်ပြခဲ့ပါတယ်။" မေဒီနေ့ လှိုင်သာယာက အကူညီလိုနေတဲ့သူတွေအတွက် အိမ်ထောင်စုတစ်စုကို ၃သောင်းနဲ့ အိမ်ထောင်စု (၅၀)စာ သွားလှူပေးဖြစ်ခဲ့ပါတယ်.. မေနဲ့ပါဝင်လှူဒါန်းပေးသူအားလုံးကို ကျေးဇူးပါနော်.ဒီချိန်မှာ ခက်ခဲနေသူတွေက အများကြီးဆိုတာ နားလည်ပါတယ်.. မေတို့လဲ လက်လှမ်းမီသလောက်တတ်နိုင်သလောက်လေးလှူပေးဖြစ်သွားမှာပါ.. အားလုံးပဲ အားတင်းထားကြပါနော်.. "ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေးရင်း ပြည်သူအားလုံး အေးချမ်းပြီးဘေးအန္တရာယ်ကင်းရှင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

 Photo Credit : May Facebook Page
 Photo Credit : May Facebook Page

Source & Photo Credit : May Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။