သံဃာတော်တွေကို စော်ကားပစ်မှားမိရင် ကံကြီးထိုက်ပြီး အောင်မြင်မှုတွေ ရပ်တန့်သွားမှာစိုးလို့ သတိပေးကာ ပြောပြလာတဲ့ အေးသီတာ

//s9.kh1.co/1c/1cf9fe08e17ebce3cc89c98ad18586f51eb036b2.jpg
အနုပညာရှင်များ

 ၂၉-မတ်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် အေးသီတာကတော့ အရေးတော်ပုံကာလမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တဲ့ သူတစ်ယောက်ပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အစားအသောက်ခက်ခဲနေကြတဲ့ ပြည်သူအချို့ကိုလည်း သူမရဲ့ ချွေးနည်းစာထဲကနေ စေတနာသဒ္ဓါတရားထက်သန်စွာ ပေးကမ်းလှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။ 

Photo credit - Aye Thida's Facebook Account
Photo credit - Aye Thida's Facebook Account
Photo credit - Aye Thida's Facebook Account
Photo credit - Aye Thida's Facebook Account

ဒါ့အပြင်လည်း ပရိသတ်ပြည်သူတွေ သိရှိစေဖို့အတွက် လက်ရှိအခြေအနေနဲ့ သတိစကားလေးတွေကို သူမရဲ့ Facebook Account ထက်မှာ ရေးသားဝေမျှလေ့ရှိတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အေးသီ​တာက အရေးတော်ပုံအောင်မြင်ဖို့အတွက် ပြည်သူတွေကို " သတိတစ်ခုပေးပါရစေ ဆရာတော်သံဃာတော်တွေကို ဘာအကြောင်းကြောင့်နဲ့မှ မစော်ကားမိပါစေနဲ့ စိတ်နှုတ်ကိုယ် လုံပါစေ အရာရာဟာကိုယ်မသိနိုင်တဲ့အကြောင်းအကျိုးတွေရှိတယ်နော်.....

Photo credit - Aye Thida's Facebook Account
Photo credit - Aye Thida's Facebook Account
Photo credit - Aye Thida's Facebook Account
Photo credit - Aye Thida's Facebook Account

ကိုယ်မသိနိုင်တဲ့သီလနဲ့သမာဓိတွေရှိတယ် ကိုယ့် ဉာဏ်လေးတစ်ထွာနဲ့ သွားပစ်မှားနေရင် ကံကြီးထိုက်ပါမယ် ဆင်ခြင်စေလိုပါတယ် အားလုံးအတွက် စေတနာနဲ့သူများဟာကို copy လုပ်ပေးတာပါ မကိုးကွယ်ရင်နေပါ မစော်ကားကြစေလိုပါ အောင်မြင်မူတွေပိတ်ကုန်မှာစိုးတယ် " ဆိုပြီး ရေးသားကာ ဝေမျှလာခဲ့တာပါ။ သံဃာတော်တွေကို စော်ကားပစ်မှားမိရင် ကံကြီးထိုက်ပြီး အောင်မြင်မှုတွေ ရပ်တန့်သွားမှာစိုးလို့ သတိပေးကာ ပြောပြလာတဲ့ အေးသီတာရဲ့ စာသားတွေကို ပရိသတ်တွေထံ ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - Aye Thida's Facebook Account
Photo credit - Aye Thida's Facebook Account
Photo credit - Aye Thida's Facebook Account
Photo credit - Aye Thida's Facebook Account

သတင်း အရင်းအမြစ်Source & Photo credit - Aye Thida's Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T