ဒီလိုကာလမှာ အဆင်မပြေခက်ခဲနေကြသူတွေ အများကြီးရှိနေတာကြောင့် တတ်နိုင်သလောက်လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ တိုင်ရွန်

//s9.kh1.co/c2/c269b736a7da484c779e469d6e3816c3ba9cadd0.jpeg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

....

တိုင်ရွန်ကတော့ ဖေဖော်ဝါရီလထဲကစတင်ခဲ့တဲ့ ဒီလူထုလှုပ်ရှားမှုကြမှာ စိတ်ရောကိုယ်ပါနှစ်ပြီး အဓိကပါဝင်နေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အားလုံးက လေးစားနေကြတာပါ။သူကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေမှာနည်းမျိုးစုံနဲ့ပါဝင်ခဲ့သလို ပြည်သူတွေကို ရှေ့တန်းကနေ နေကာ ဖြိုခွင်းသမျှကို ကာကွယ်ခုခံပေးခဲ့တာလည်းတွေ့ရပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

ဒါ့အပြင် ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေတဲ့ ဒီလူထုလှုပ်ရှားမှုတွေကိုလည်း နိုင်ငံတကာက လူတွေ ပိုမိုသတိထားမိနိုင်အောင်  ကြိုးစားနေတာလည်းဖြစ်ပါတယ်။တိုင်ရွန်အနေနဲ့ လူထုဆန္ဒထုတ်ဖော်မှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့သလို လှုပ်ရှားမှုပြုလုပ်ရာမှာလည်း လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေကို လှူဒါန်းခဲ့တာလည်းတွေ့ရပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account

အခုလည်း ဒီလိုကာလမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ နယ်ကပြည်သူတွေကို ဆန် ၊ ဆီနဲ့ အလှူငွေများ သွားရောက်လှူဒါန်းဖြစ်ခဲ့ကြောင်း အလှူပုံလေးတွေနဲ့အတူ " ကျွန်နော်ပျောက်နေတယ် ဟုတ်ပါတယ် လိုင်းမရလို့ပါ အများကြီးဗျာ အများကြီး အဆင်မပြေကြဘူး ဒီကာလမှာ တချို့ ဆန်ပြုတ်သောက်နေရသူတွေတောင် ရှိတယ် ဆက်ပြီးတောင့်ခံပေးကြလို့လဲ ကျေးဇူးတင်တယ်  ဖြစ်နိုင်ရင် အကုန် ကျွန်နော် အမြဲလှူနေချင်တယ်ဗျာ ဒါပေမယ့် နိုင်သလောက်လေးနဲ့ ပါဘဲ "ဆိုတဲ့စာလေးကိုရေးသားဝေမျှထားရာ ပရိသတ်ကြီးလည်း တိုင်ရွန်ရဲ့အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်မျှဝေပေးရင်း ပြည်သူအားလုံး ဘေးအန္တရာယ်ကင်ရှင်းပြီး အေးချမ်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Photo Credit : Tyron Bejay Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T