အမေတစ်ခု၊သားတစ်ခုဘဝမှာ သားလေးကိုဆုံးရှုံးလိုက်ရလို့ တစ်ယောက်တည်းကျန်ရစ်နေခဲ့တဲ့ အသက်(၆၇)နှစ်အရွယ် မိခင်တစ်ဦး

//s9.kh1.co/83/836febcee9b4a6db9dd22b134c03e05e4df8b332.jpeg
နေ့စဉ်သတင်းများ

 ၀၁-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

အမေတစ်ခု၊သားတစ်ခုဘဝမှာ သားလေးကိုဆုံးရှုံးလိုက်ရလို့ တစ်ယောက်တည်းကျန်ရစ်နေခဲ့တဲ့ အသက်(၆၇)နှစ်အရွယ် မိခင်တစ်ဦး

လက်ရှိအခြေအနေကြောင့် မိသားစုတွေလည်းသေကွဲခွဲရပြီး ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့ သွေးသားရင်းခြာတွေကိုဆုံးရှုံးလိုက်ရတာပဲ ဖြစ်ပါတယ်။ဒလမြို့နယ်က ကိုရဲမြတ်သူ(ခ)ကိုရေချမ်းကတော့ ဖမ်းဆီးခံသွားရတဲ့ကောင်မလေးနှစ်ယောက်ကို မတ်လ(၂၇)ရက်နေ့ သန်းခေါင်ယံ(၁၂)နာရီမှာ သူငယ်ချင်းတွေနဲ့အတူ သွားကယ်ရင်းလည်ပင်းကျည်ထိသွားခဲ့တာဖြစ်ပါတယ်။သူငယ်ချင်းတွေကလည်း ကျည်ထိတာကိုသိသိချင်းအပြေးအလွှားသွားကြည့်ကြပေမယ့် ကိုရဲမြတ်သူက လှုပ်တောင်မလှုပ်နိုင်တော့တဲ့အခြေအနေလို့သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကိုရဲမြတ်သူက သူငယ်ချင်းတွေကို”'ဒီနေ့ည အရေးတော်ပုံမှာ ငါတို့ထဲက သေရင်အဲ့ကောင် သစ္စာဖောက်ပဲ တစ်ယောက်မှ မသေစေနဲ့' လို့ပြောခဲ့ပြီး သူငယ်ချင်းတွေကို နောက်ဆုံးထွက်သက်အထိ ကာကွယ်ပေးခဲ့တဲ့သူဖြစ်ပါတယ်။ကိုရဲမြတ်သူက အမေတစ်ခု၊သားတစ်ခုဘဝမှာ အသက်(၆၇)နှစ်အရွယ်မိခင်ကို စောင့်ရှောက်ပေးနေတဲ့သားတစ်ယောက်ဖြစ်ပါတယ်။သားဖြစ်သူက အခုလိုမျိုး အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားခဲ့ရတာကြောင့် မိခင်အနေနဲ့လည်း အားကိုးရမယ့်သားလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကျန်ရစ်သူမိခင်ကြီးအတွက်လည်း ပြည်သူလူထုက တတ်နိုင်သလောက်လှူဒါန်းကြပြီး အိမ်တိုင်ရာရောက်သွားကာအားပေးစကားလေးတွေလည်းပြောပေးကြတာဖြစ်ပါတယ်။ကိုရဲမြတ်သူရဲ့မိခင်ကလည်း နာရေးလာပေးကြတဲ့ဧည့်သည်တွေကို သားလေးရဲ့အကြောင်းတွေရင်ဖွင့်ပြောပြတဲ့အပြင် သူ့သားအရိုးအိုးဘေးနားသွားထိုင်ပြီးတော့လည်း စကားတွေပြောနေတာဖြစ်ပါတယ်။နောက်ပိုင်းဆိုရင် သားလေးရဲ့အငွေ့အသက်တွေပဲကျန်ရစ်နေမယ့် ဒီအိမ်လေးထဲမှာ အမေအိုတစ်ယောက်ပဲနေသွားရတော့မှာကြောင့် ပြည်သူလူထုလည်း တတ်နိုင်သလောက်ကူညီဖေးမကြပါဦးလို့ တိုက်တွန်းနှိုးဆော်ရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T