ညီညီကျဆုံးတာ (၁)လပြည့်တဲ့နေ့မှာ အသက်ပေးခဲ့ရတဲ့သူရဲကောင်းတွေ အားလုံးအတွက် ရည်စူးပြီး အလှူပြုပေးခဲ့တဲ့ ကိုကိုတို့မိသားစု

//s9.kh1.co/92/92140110f1f196a11cb193ab9c51c761cabea4de.jpg
နေ့စဉ်သတင်းများ

 ၀၁-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ညီညီကျဆုံးတာ (၁)လပြည့်တဲ့နေ့မှာ အသက်ပေးခဲ့ရတဲ့သူရဲကောင်းတွေ အားလုံးအတွက် ရည်စူးပြီး အလှူပြုပေးခဲ့တဲ့ ကိုကိုတို့မိသားစု

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ရန်ကုန်မြို့၊ လှည်းတန်းကျောင်းရှေ့မှတ်တိုင်နားမှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းလေးညီညီကို အားလုံးက အမှတ်ရနေကြဆဲ ဖြစ်ပါတယ် ။ ညီညီအောင်ထက်နိုင် (ခေါ်) ညီညီကတော့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အစ်ကိုဖြစ်သူနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ကြိုးစားပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ ညီညီက သူ့ရဲ့အမွှာအစ်ကိုဖြစ်သူ ကိုကိုနဲ့ လူစုခွဲသွားတဲ့အချိန်မှာပဲ ကျည်ထိမှန်ပြီး စာသင်ကျောင်းအရှေ့မှာ လဲကျသွားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Nyi Nyi's FB Acc
Photo Credit-Nyi Nyi's FB Acc
Photo Credit-Nyi Nyi's FB Acc
Photo Credit-Nyi Nyi's FB Acc

ညီညီ့ရဲ့ကျဆုံးမှုနဲ့ပတ်သက်တဲ့ ပုံရိပ်တွေ၊ဗီဒီယိုတွေကလည်း လူမှုကွန်ယက်စာမျက်နှာတွေထက်မှာ အတော်လေးကို ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ် ။ စေတနာရှင်တွေကလည်း ကျစ်ရစ်ခဲ့တဲ့ ညီညီ့ရဲ့မိသားစုအတွက် အလှူငွေတွေပေးအပ်ပြီး ပါဝင်ကူညီခဲ့ကြသေးတာ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ ညီညီကျဆုံးသွားတာ တစ်လပြည့်သွားပြီဖြစ်တာကြောင့် ကျန်ရစ်သူမိသားစုတွေက ညီညီအပါအဝင် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး အလှူပြုပေးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc

ကိုကိုတို့မိသားစုက ရဟန်းသံဃာတွေကို ဆွမ်းကပ်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရေသန့်စက်တစ်လုံးကို ညီညီနဲ့သူရဲကောင်းတွေအတွက် ရည်စူးလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ် ။ အလှူမှတ်တမ်းမှာတော့ ကျဆုံးသွားတဲ့ ညီညီအပါအဝင် အာဇာနည်သူရဲကောင်းအားလုံးကိုရည်စူး၍ မိသားစုနဲ့ (၇) ရက်သားသမီး အများပြည်သူများကောင်းမှုဆိုပြီး ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ် ။ သူရဲကောင်းလေးညီညီလည်း ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Ko Ko's FB Acc

Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Photo Credit-Ko Ko's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T