ခင်ပွန်းဖြစ်သူက ကျည်ထိတဲ့သူကိုသွားကောက်ရင်းနဲ့ အသက်ပေးခဲ့ရတာကြောင့် လူမမယ်ကလေးလေးနဲ့ ကျန်ရစ်ခဲ့ရတဲ့အမျိုးသမီးတစ်ဦး

//s9.kh1.co/36/36bd0c6ffa7e4a4886ab81a002e9d43c07ddf3fe.jpg
နေ့စဉ်သတင်းများ

 ၀၁-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ခင်ပွန်းဖြစ်သူက ကျည်ထိတဲ့သူကိုသွားကောက်ရင်းနဲ့ အသက်ပေးခဲ့ရတာကြောင့် လူမမယ်ကလေးလေးနဲ့ ကျန်ရစ်ခဲ့ရတဲ့အမျိုးသမီးတစ်ဦး

အခုချိန်မှာတော့ ပြည်သူတွေက လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီပြီး ရှေ့ဆက်နေကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေထဲမှာ ကိုယ့်အသက်ကိုတောင်စွန့်ပြီး သူတစ်ပါးကို ကယ်တင်ဖို့ ကြိုးစားပေးခဲ့ကြတဲ့ သူရဲကောင်းတွေလည်း ပါဝင်ကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း တောင်ဒဂုံမြို့နယ်က အမျိုးသားတစ်ဦးက ကျည်ထိတဲ့သူကို သွားကယ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc

သူ့ရဲ့နာမည်ကတော့ ကိုမောင်အေးဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ပြည်သူတစ်ယောက်ဖြစ်ပါတယ် ။ ကိုမောင်အေးက ကျည်ထိသွားတဲ့သူကို အရှေ့တက်ပြီး ကယ်တင်ဖို့ကြိုးစားခဲ့ပေမယ့်လည်း သူကိုယ်တိုင်ကျည်ထိမှန်ကာ ကြွေလွင့်သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကိုမောင်အေးက သူမကျဆုံးခင်ညကလည်း မထွက်ဖို့တားတာကိုတောင် ရအောင်ပြေးထွက်ပြီး ပြည်သူတွေနဲ့အတူ ပါဝင်အားဖြည့်ပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc

ကိုမောင်အေးမှာတော့ ဇနီးဖြစ်သူအပြင် နို့စို့အရွယ် ကလေးလေးနဲ့ (၈) နှစ်အရွယ်ကလေးတစ်ယောက် ကျန်ရှိခဲ့တာ ဖြစ်ပါတယ် ။ ကလေးနှစ်ယောက်နဲ့ ဘဝကိုရှေ့ဆက်ရတော့မယ့် ကိုမောင်အေးရဲ့ဇနီးဖြစ်သူခမျာ အခုဆိုရင် အကူအညီလိုအပ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် စေတနာရှင်ပြည်သူတစ်ယောက်က အလှူငွေတစ်သိန်းနဲ့ စတင်မတည်ပြီး ကိုမောင်အေးရဲ့ကျန်ရစ်သူမိသားစုကို ကူညီဖို့ ကြိုးစားနေတာ ဖြစ်ပါတယ် ။ ပရိသတ်တွေလည်း တစ်တပ်တစ်အား ပါဝင်လှူဒါန်းလို့ရအောင် ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-May Myat Khin's FB Acc

Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Photo Credit-May Myat Khin's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T