ဒီနေ့မှာပဲ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ အဆိုတော် အစ္စဏီအား စကားတစ်ခွန်းနဲ့ကြိုဆိုလိုက်တဲ့ နိုင်ဇော်

//s9.kh1.co/58/58d6ca54684d6b9bb682a0164b6cc01e7da154f5.jpeg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  အစ္စဏီကတော့ အသံအေးအေးလေးနဲ့ သီချင်းတွေကို   ကိုယ်တိုင်ဖန်တီးရေးသား သီဆိုသူတစ်ဦးပဲ  ဖြစ်ပါတယ်။  လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဓမ္မပြုကျင့်မှု နာကျင်စေမှု တို့အပါဝင် အမှု(၃) ခုဖြင့်တရားရင်ဆိုင်နေရတာပဲ  ဖြစ်ပြီး  အကျဉ်းထောင်တွင်   ပြစ်ဒဏ်ကျခံနေရတာပဲ  ဖြစ်ပါတယ်။  ပရိသတ်တွေကလည်း  သူ့ရဲ့အမှားတစ်ခုကြောင့်အခုလို ပြစ်ဒဏ်ခံနေရတဲ့  အစ္စဏီအား  သနားကရုဏာသက်နေကြတာပါ။

Photo Crd-MyanmarLoad TV’s Facebook Page 
Photo Crd-MyanmarLoad TV’s Facebook Page 
Photo Crd-MyanmarLoad TV’s Facebook Page 
Photo Crd-MyanmarLoad TV’s Facebook Page 

ဒီနေ့မှာတော့  ပရိသတ်တွေ အားလုံး  ဝမ်းသာစေမယ့်  သတင်းတစ်ခုကို  မကြာသေးခင်  နာရီပိုင်းလောက်ကGuitarist နိုင်ဇော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ရေးသားဝေမျှပေးထားတာပဲ  ဖြစ်ပါတယ်။  ဒါကတော့  အကျဉ်းထောင်တွင် နှစ်နှစ်ကျော် နေခဲ့ရပြီးနောက်  ဒီနေ့မှာဘဲ  ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့  အစ္စဏီရဲ့သတင်းပဲ  ဖြစ်ပါတယ်။ သူ့ရဲ့ပို့စ်အောက်တွင်လည်း   အဆိုတော်တစ်ချို့နဲ့ ပရိသတ်တွေက အစ္စဏီလွတ်မြောက်လာတဲ့အတွက်  ဝမ်းသာကြောင်းကိုလည်း  Comment မန့်ထားကြတာကို မြင်တွေ့ကြရမှာပါ။

Photo Crd-MyanmarLoad TV’s Facebook Page 
Photo Crd-MyanmarLoad TV’s Facebook Page 
Photo Crd-MyanmarLoad TV’s Facebook Page 
Photo Crd-MyanmarLoad TV’s Facebook Page 

နိုင်ဇော်ကလည်း " အစ္စဏီ

လွတ်မြောက်ပါပြီ

အခုလေးတင်သူ့အမေနဲ့သူကိုယ်တိုင်ဖုန်းဆက်ပါတယ်

ဘဝကိုအသစ်ကပြန်စပါလို့မှာလိုက်ပါတယ် " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပါတယ်။  နောက်ထပ်သီချင်းအသစ်တွေလည်း သီဆိုပြီး ဂီတလောကမှာ အောင်မြင်မှုတွေများစွာနဲ့  ပြန်လည်လျှောက်လှမ်းနိုင်ပါစေလို့ Myanmarload မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source and Photo Crd-Naing Zaw’s Facebook Account and MyanmarLoad TV’s Facebook Page 

Photo Crd-MyanmarLoad TV’s Facebook Page 
Photo Crd-MyanmarLoad TV’s Facebook Page 
Photo Crd-Naing Zaw’s Facebook Account 
Photo Crd-Naing Zaw’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T