သရုပ်ဆောင် ဆောင်းယွန်းစံကတော့ ရုပ်သံဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်၊ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။ လူတိုင်းအပေါ်ကူညီချင်စိတ်ရှိပြီး စိတ်ထားလေးကလည်း ဖြူစင်လွန်းတာကြောင့် အားလုံးက ချစ်နေရတာပါ။ သူမကတော့ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူများနဲ့အတူ အနုပညာရှင်တစ်ယောက်အနေနဲ့ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
အခုလို လှုပ်ရှားမှုများတွင် ပါဝင်နေရုံတင်မကဘဲ ကျဆုံးသွားတဲ့ သူရဲကောင်းများအတွက်လည်း အလှူငွေတွေကို သူငယ်ချင်းတွေနဲ့အတူ စုပေါင်းလှူဒါန်းနေတာကိုလည်း သူမရဲ့ လူမှုကွန်ယက်တွင် အမြဲဝေမျှပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဆောင်းယွန်းစံရဲ့ Facebook Page တွင် မျက်လုံးထဲသို့ ကျည်ဆံထိမှန်ခဲ့သော အသက်တစ်နှစ်အရွယ် သမီးလေးထံသို့ အလှူငွေများ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒီသမီးလေးဟာ ၂၆.၃.၂၀၂၁ ရက်နေ့တွင် နေအိမ်တွင်နေထိုင်နေစဉ်အတွင်း မျက်လုံးထဲသို့ ကျည်ဆန်ထိမှန်ခဲ့တာပဲ ဖြစ်ပါတယ်။
ဆောင်းယွန်းစံကလည်း " 30.3.2021 ( Tuesday )
အပြစ်မဲ့တဲ့ကလေးလေးအတွက် စိတ်မကောာင်းလိုက်တာ ?
ဒီနေ့ သမီးလေးကို အရုပ်လေးရယ် ပိုက်ဆံရယ်သွားရောက်လှူဒါန်းခဲ့တယ်...?
သမီးလေးရဲ့ လည်ပင်းမှာရာဘာကျည်က မထုတ်ရသေးပါဘူးတဲ့နော်..?
တကယ်လို့ သမီးလေးကိုသွားရောက်လှူဒါန်းချင်သူများ cb မှာ ဖုန်းနံပါတ်တောင်းပါနော်..
တောင်းတဲ့သူပေါ်မူတည်ပီး ဖုန်းနံပါတ်ပေးပါ့မယ်..သမီးလေးရဲ့လုံခြုံရေးအတွက်ကြောင့် လူတိုင်းကိုပေးဖို့အဆင်မပြေမှုများအတွက် နားလည်ပေးပါရှင်
#အရေးတော်ပုံမုချအောင်ရမည် ?” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကိုတစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Saung Yoon San’s Facebook Page