သရုပ်ဆောင် ခရစ်စတီးနားက လက်ရှိပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ အမှန်တရားဘက်ကနေ ရပ်တည်နေတဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုကြီးမှာ ပါဝင်နေသလို အသက်ပေးကာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ သူရဲကောင်းတွေရဲ့ မိသားစုတွေအတွက် အလှူငွေပေးအပ်လှူဒါန်းတာကိုလည်း တွေ့ရပါတယ်။
ဒီကနေ့မှာလည်း ခရစ်စတီးနားက မတ်လ ၂၈ရက်နေ့ညမှာ ရင်ဘတ်နဲ့ကျောကို ကျည်ထုတ်ခြင်းဖောက်နဲ့ ပစ်ခတ်ခံရလို့ အသက်သေဆုံးခဲ့ရတဲ့ သာကေတမြို့နယ်က ပြည်သူ့ သူရဲကောင်း ကိုချစ်ကိုရဲ့ မိသားစုတွေထံ သွားရောက်ခဲ့ပြီး အလှူငွေပေးအပ်ကာ အားပေးနှစ်သိမ့်စကားတွေကိုလည်း ပြောပေးခဲ့ပါသေးတယ်။ အခုလိုသွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ Facebook Account ထက်မှာ မကြာသေးတဲ့ နာရီပိုင်းအချိန်လောက်က တင်ပေးလာခဲ့ပါတယ်။
အဆိုပါ ပုံရိပ်တွေအပြင် ခရစ်စတီးနားက " နွေဦးတော်လှန်ရေးမှာမတ်လ၂၈ ရက်နေ့ကအသက်ပေးလှူသွားတဲ့ သာကေတ(၈)ရပ်ကွက်မြနန္ဒာ(၂)လမ်းမှ သူရဲကောင်း ကိုချစ်ကို(၃၈)နှစ်ရဲ့ကျန်ရစ်သူ ဇနီးနဲ့သမီးလေး၂ယောက်အတွက် သူငယ်ချင်းများနှင့်အတူစုစုပေါင်း ကူငွေ(၃)သိန်းထည့်လှူရင်း အားပေးစကားပြောခဲ့ပါတယ် ကိုချစ်ကိုမှာ သံပန်းသံတံခါး နေ့စားအလုပ်လုပ်ကိုင်သူဖြစ်ပြီးအမေအိုကြီး, ဇနီးနှင့် သမီးလေး၂ယောက်ကို ရှာဖွေလုပ်ကိုင် ကျွေးမွေးနေသူလဲဖြစ်ပါတယ် နွေဦးတော်လှန်ရေးတွင်လည်း အားတက်သရော ပါဝင်ခဲ့သူဖြစ်ပြီး ကျဆုံးမည့် ညက လမ်းထိပ်မှာရင်ဘတ်မှနောက်ကျောကျည်ထုတ်ခြင်းဖောက်အပစ်ခံရပြီး အိမ်အရောက် နာရီဝက်ခန့်ကြာချိန်တွင် ကျဆုံးသွားသူဖြစ်ပါသည် ကောင်းရာသုဂတိလားပါစေ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားမျှဝေလာတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
သတင်း အရင်းအမြစ်៖ Source & Photo credit - Crist Ayemyat's Facebook Account