လတ်တလော အခြေအနေတွေကြောင့် အလှူတွေလှူတဲ့အခါမှာ ပြုလုပ်သင့်တဲ့အချက်လေးတွေကို ရေးသားပြောပြလာတဲ့ ခေးဆက်သွင်

//s9.kh1.co/fe/fe34e118075d7f3c7d83feff8b4ce59f226fd798.jpeg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ခေးဆက်သွင်ကတော့  ရုပ်သံဇာတ်လမ်းတွဲများတွင်  ပါဝင်သရုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့အားပေးဝန်းရံခြင်းကို ရရှိလာတာလည်း  ဖြစ်ပါတယ်။  စုဆောင်းထားတဲ့ အနုပညာကြေးတွေနဲ့ အလှူအတန်းတွေလည်း အမြဲလိုလို လှူဒါန်းသူတစ်ဦးဖြစ်တာကြောင့်  လူတိုင်းက အားကျအတုယူနေကြတာပါ။  သူမကတော့  လက်ရှိဖြစ်ပေါ်နေတဲ့  မြန်မာနိုင်ငံက လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူတွေနဲ့ အတူ  တက်ကြွစွာ  ပူးပေါင်းပါဝင်နေတာကိုလည်း  မြင်တွေ့ကြရမှာပါ။

Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 

ဖေဖော်ဝါရီလအစပိုင်းကတည်းကနေ  ယနေ့ချိန်အထိ  ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး  ကြိုးစားပမ်းစား  Speak Out လုပ်ပေးနေတာကြောင့်လည်း  ပရိသတ်တွေရဲ့ ချီးကျူးခြင်းတွေကို ရရှိထားတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  တတ်နိုင်တဲ့ဘက်ကနေ  စားဝတ်နေရေး ခက်ခဲနေကြတဲ့  ပြည်သူတွေအတွက် စားနပ်ရိက္ခာများလည်း လှူဒါန်းပေးနေတာပါ။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  ခေးဆက်သွင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  လက်ရှိအခြေအနေတွေကြောင့်  အလှူတွေ လှူတဲ့အခါ  စိတ်ချယုံကြည်တဲ့ သူထံတွင်သာ  လှူဒါန်းသင့်ကြောင့်  ရေးသားပြောပြလာတာပဲ  ဖြစ်ပါတယ်။ 

Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 

သူမကလည်း  "အလှူတွေလှူတဲ့အခါ 

အလှူခံပြီးတစ်ဆင့်ဆောင်ရွက်ပေးကြတဲ့သူတွေက

လုံခြုံရေးအရရော အသက်အန္တရာယ်အတွက်ရော

တချို့မှတ်တမ်းတင်မပေးတာ

အသေးစိတ်မဖော်ပြပေးနိုင်တာရှိပါလိမ့်မယ်

ယုံကြည်စိတ်ချရတဲ့သူမျိုး

လိုအပ်နေတဲ့သူတွေလက်ထဲအရောက် 

ထည့်ပေးနိုင်တဲ့သူမျိုးဆီမှာ

စိတ်ပြတ်ပြတ်နဲ့လှူတာကောင်းပါတယ်...

အရေးတော်ပုံ အောင်မြင်ဖို့

ဘယ်လက်ကလှူတာ ညာလက်မသိကြပါစို့

အရေးတော်ပုံကြီး အောင်တော့မှ

ဒို့ကတော့ ဘာတွေလုပ်ခဲ့လဲ

ဘယ်လောက်လှူခဲ့လဲဆိုတာ

ကြွားတော့မယ်ကွာ " ဆိုပြီး  လက်ရှိမှာ လုပ်သင့်တဲ့ အရာလေးတွေကို ပြောပြလာတာဖြစ်တဲ့အတွက်  ပရိသတ်တွေလည်း သိရှိရအောင်  ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Khay Sett Thwin’s Facebook Account 

Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Photo Crd-Khay Sett Thwin’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T