ခက်ခဲနေတဲ့ပြည်သူတွေကို စားနပ်ရိက္ခာတွေလှူဒါန်းဖို့အတွက် အပင်ပန်းခံပြီး သေသေချာချာထုတ်ပိုးပြင်ဆင်နေတဲ့ ဝေဠုကျော်

//s9.kh1.co/c4/c4cbea65ce895398b2598c6cc88eeec581b125c1.jpg
အနုပညာရှင်များ

 ၀၁-ပြီ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအတွက် လှူဒါန်းမှုတွေကို ဆက်တိုက်လုပ်ဆောင်ကာ ငွေအင်အား၊ လူအင်အားတွေနဲ့ အားဖြည့်ပါဝင်နေပြီး အားလုံးနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ်..။

လိုအပ်ပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် ၇ရက်သားသမီးစေတနာရှင်တွေလှူဒါန်းထားတဲ့အလှူငွေတွေနဲ့အတူ စားနပ်ရိက္ခာတွေကို နေ့တိုင်းလိုလိုတတ်နိုင်သလောက် ပြန်လည်လှူဒါန်းနေတာပါ..။

Photo Credit - Wai Lu Kyaw Foundation's Fb Page

ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ အမြဲရပ်တည်ပြီးဖေးမကူညီနေတဲ့ ဝေဠုကျော်ကတော့ ဒီကနေ့မှာလည်း သာကေတမြို့နယ်က ခက်ခဲနေကြတဲ့ပြည်သူတွေအတွက် ဆန်နဲ့ စားသောက်ကုန်တွေကို ပေးဝေလှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

ပြည်သူတွေကိုလှူဒါန်းဖို့အတွက်ကိုလည်း ဝေဠုကျော်က ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာ သေသေချာချာထုတ်ပိုးပြင်ဆင်နေတာဖြစ်ပြီး ရပ်ကွက်အခြေအနေတင်းမာမှုတွေကိုလည်း ပြောပြထားပါသေးတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

"1-4-2021

ဝေဠုကျော်ဖောင်ဒေးရှင်းမှ

ဒီရက်ပိုင်း အခြေအနေတင်းမာခဲ့သည့်

သာကေတမြို့နယ်မှ လိုအပ်နေသော မိသားစု ၅စုစာအတွက် သူငယ်ချင်း မှတဆင့် တစ်အိမ်ထောင်လျှင်

ဆန် ၃ပြည်စီ

ကြက်သွန်နီ ၅၀သါး စီ

ကြက်ဥ ၁၀လုံး စီ

တို့ကို လှူဒါန်းပေးလိုက်ပါတယ်။

ဒီရပ်ကွက်လည်း အခြေအနေတင်းမာရာက အခုတော့ နယ်ခံလူနည်းနည်းပဲကျန်တော့ပြီး စားသောက်ရေး တော်တော် ခက်ခဲနေကြပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး အလှူနဲ့ပတ်သက်ပြီးတော့လည်း ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page
Photo Credit - Wai Lu Kyaw Foundation's Fb Page

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T