ဒန်အိုး၊ဒယ်အိုး၊သတ္တုအိုးစတဲ့ အိမ်သုံးပစ္စည်းလေးတွေနဲ့သာ အသက်အန္တရာယ်ကို တတ်နိုင်သလောက်ကာကွယ်နေကြရတဲ့ သူရဲကောင်းတချို့

//s9.kh1.co/6d/6d1fc9d98a93ccfabd6de8a84423e03f31ba9aff.jpeg
နေ့စဉ်သတင်းများ

 ၀၂-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒန်အိုး၊ဒယ်အိုး၊သတ္တုအိုးစတဲ့ အိမ်သုံးပစ္စည်းလေးတွေနဲ့သာ အသက်အန္တရာယ်ကို တတ်နိုင်သလောက်ကာကွယ်နေကြရတဲ့ သူရဲကောင်းတချို့

ပြည်သူတွေကတော့ လူထုလှုပ်ရှားမှုတွေအတွက် လမ်းပေါ်ထွက်နေရပေမယ့် မိမိတို့ရဲ့အသက်အန္တရာယ်လုံခြုံရေးကိုလည်း တတ်နိုင်သလောက် ကာကွယ်နေကြရတာ ဖြစ်ပါတယ်။ပြည်သူတွေရဲ့ တီထွင်ကြံဆနိုင်မှုတွေကလည်းတစ်နေ့တစ်မျိုးမရိုးရဘဲ ဆန်းသစ်နေကြလို့ ချီးကျူးစရာကောင်းကြပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် ယနေ့(ဧပြီလ၂ရက်)ထိတောင်မှ ပြည်သူလူထုရဲ့ စည်းလုံးညီညွှတ်မှုတွေကို တွေ့မြင်နေရဆဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေက စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်နဲ့ပါဝင်ဆောင်ရွက်နေကြသော်လည်း အသက်မဆုံးရှုံးဖို့အတွက်အနည်းအကျဉ်းကျည်ကာနိုင်အောင်လို့ ဒန်အိုး၊ဒယ်အိုး၊သတ္တုအိုး စတဲ့မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့သာ ကာကွယ်နေကြတာဖြစ်ပါတယ်။မိမိတို့မှာရှိတဲ့ပစ္စည်းလေးတွေကို အသုံးပြုပြီး အများအကျိုးအတွက်လမ်းပေါ်ထွက်နေကြတဲ့သူရဲကောင်းတွေကို ပြည်သူတွေကလည်း လေးစားနေကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း လမ်းပေါ်ထွက်နေကြတဲ့သူရဲကောင်းတွေအတွက် ပြည်သူလူထုက တစ်ထောင့်တစ်နေရာကနေ ကူညီဖေးမပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လုံခြုံတဲ့ပစ္စည်းကိရိယာတွေမရှိတာကြောင့် အခုလိုမျိုး အိမ်မှာရှိတဲ့ပစ္စည်းလေးတွေကိုသာ အားကိုးနေရတဲ့သူရဲကောင်းတွေအတွက်လည်း ပြည်သူတချို့က အမှတ်တရပုံလေးတွေဆွဲပေးပြီး ဂုဏ်ပြုကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ မိမိတို့စွမ်းဆောင်နိုင်သလောက်ကို တစ်တပ်တစ်အားပါဝင်အားဖြည့်ပေးကြရင်းတက်ညီလက်ညီနဲ့ရှေ့သို့ချီတက်နေကြတာဖြစ်ပါတယ်။ဒန်အိုး၊ဒယ်အိုး၊သတ္တုအိုးစတဲ့ပစ္စည်းလေးတွေကိုအကာအကွယ်ယူပြီး လမ်းပေါ်ထွက်နေကြတဲ့ သူရဲကောင်းတချို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T