ဝမ်းရေးအတွက်ရုန်းကန်နေရလို့ အသက်အန္တရာယ်ကိုတောင်ဂရုမစိုက်နိုင်ဘဲ လမ်းပေါ်ထွက်ပြီးစျေးရောင်းနေရတဲ့ဖရဲသီးသည်လေး

//s9.kh1.co/32/3294560c7e79bc5dbcbf0d764fc835f062638d7b.jpeg
နေ့စဉ်သတင်းများ

 ၀၂-ပြီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဝမ်းရေးအတွက်ရုန်းကန်နေရလို့ အသက်အန္တရာယ်ကိုတောင်ဂရုမစိုက်နိုင်ဘဲ လမ်းပေါ်ထွက်ပြီးစျေးရောင်းနေရတဲ့ဖရဲသီးသည်လေး

အခုလိုကာလမှာဆိုရင် လက်လုပ်လက်စားပြည်သူတွေကတော့ မိသားစုရဲ့တစ်နေ့တာဝမ်းရေးအတွက်တောင်ခက်ခဲနေကြရတာ ဖြစ်ပါတယ်။စားဝတ်နေရေးခက်ခဲနေကြတဲ့သူတွေကိုလည်း စေတနာရှင်ပြည်သူတစ်စုကစာနာစိတ်အပြည့်နဲ့ တစ်နိုင်တစ်ပိုင်လေးလှူဒါန်းကြတာ ဖြစ်ပါတယ်။မြန်မာပြည်သူ၊ပြည်သားတွေရဲ့ နဂိုစိတ်ရင်းကိုက စေတနာ၊သဒ္ဒါတရားထက်သန်ပြီး အလှူအတန်းဆိုအရမ်းရက်ရောကြတဲ့သူတွေဖြစ်ပါတယ်။ဒါ့ကြောင့်လည်း အခုလိုအချိန်မှာ အားနည်းသူကို ပြည်သူအချင်းချင်းကပဲ ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV

တချို့ပြည်သူတွေဆိုရင် မိသားစုကမပြည့်စုံပေမယ့်လည်း လူထုလှုပ်ရှားမှုတွေမှာ တစ်တပ်တစ်အားပါဝင်အားဖြည့်ပေးကြတာ ဖြစ်ပါတယ်။အဲ့ဒီလိုမျိုး တာဝန်သိပြည်သူတွေအတွက်လည်း ပြည်သူလူထုက တတ်နိုင်သလောက်ပံ့ပိုးကူညီပေးကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေတွေဖြစ်ပေါ်နေပေမယ့်လည်း တချို့ပြည်သူတွေကတော့လမ်းပေါ်ထွက်ပြီး စားဝတ်နေရေးအဆင်ပြေအောင်လို့စျေးရောင်းနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်းမိန်းကလေးတစ်ယောက်က ဖရဲသီးဗန်းလေးကိုခေါင်းပေါ်မှာတင်ပြီး အသက်အန္တရာယ်ကိုတောင်ဂရုမစိုက်နိုင်ဘဲစျေးရောင်းထွက်နေရတာဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုး လမ်းပေါ်ထွက်ပြီးအန္တရာယ်တွေကြားထဲမှာ စျေးရောင်းနေတဲ့ဖရဲသီးသည်လေးကို အဲ့ဒီနားမှာရှိတဲ့ပြည်သူတစ်ဦးကလည်း အမိအရဓာတ်ပုံရိုက်ထားလိုက်တာဖြစ်ပါတယ်။ဒီလိုကာလမှာ စားဝတ်နေရေးအဆင်ပြေအောင်လို့ အာဂသတ္တိနဲ့စျေးရောင်းနေတဲ့မိန်းကလေးရဲ့ပုံရိပ်တွေကို ပြည်သူတွေကShareပြီး ချီးကျူးနေကြတာဖြစ်ပါတယ်။မိန်းကလေးဖြစ်ပေမယ့်လည်း ရဲရင့်တဲ့စိတ်ဓာတ်နဲ့ အသက်အန္တရာယ်မမှုဘဲ ဝမ်းရေးအတွက်ရုန်းကန်နေရတဲ့ ဖရဲသီးသည်လေးရဲ့ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T