လမ်းတွေမှာ အရင်လိုစည်ကားနေတာတွေကို ကိုယ်တိုင်မြင်တွေ့လိုက်ရတာကြောင့် သွေးမအေးသွားကြဖို့ တောင်းဆိုလိုက်တဲ့ မေတိုးခိုင်

//s9.kh1.co/93/93ccf4e2aa666b2f19d0fd3159d825cda7bd890f.jpeg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မေတိုးခိုင်ကတော့  ဖေဖော်ဝါရီလအစကတည်းမှ စပြီး  မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့  အခြေအနေအရပ်ရပ်ကြောင့်  လမ်းပေါ်မထွက်ဖြစ်ပေမယ့်လည်း  သူမရဲ့ လူမှုကွန်ယက်များမှတစ်ဆင့်  Speak Out လုပ်ပေးနေတာကိုလည်း မြင်တွေ့ကြရမှာပါ။  ဒါ့အပြင်လူထုလှုပ်ရှားမှုမှာပါဝင်ရင်း  မမျှော်လင့်ဘဲ  ကျဆုံးသွားခဲ့ကြတဲ့  သူရဲကောင်းတွေအတွက်လည်း စိတ်မကောင်းဖြစ်နေတာပါ။

Photo Crd-May T. Khine’s Facebook Account 
Photo Crd-May T. Khine’s Facebook Account 
Photo Crd-May T. Khine’s Facebook Account 
Photo Crd-May T. Khine’s Facebook Account 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ပိုက်ဆံသွားထုတ်ရင်းနဲ့  တွေ့ကြုံလာခဲ့တာတွေကို  ပြန်လည်ရေးသားဝေမျှပေးထားတာပါ။  ဒါကတော့    လမ်းတွေမှာ အရင်လိုစည်ကားနေတာတွေကို ကိုယ်တိုင်မြင်တွေ့လိုက်ရတာကြောင့် သွေးမအေးသွားကြဖို့ တောင်းဆိုလိုက်တာပဲ  ဖြစ်ပါတယ်။  အားလုံးအတူတူ တိုက်ရမယ့်တိုက်ပွဲဖြစ်တာကြောင့်  နည်းနည်းလေးမှ အားလျော့သွားလို့ မဖြစ်ကြောင်းကိုလည်း....

Photo Crd-May T. Khine’s Facebook Account 
Photo Crd-May T. Khine’s Facebook Account 
Photo Crd-May T.Khine’s Facebook Account 
Photo Crd-May T.Khine’s Facebook Account 

" ပိုက်ဆံသွားထုတ်တာ လမ်းမှာ ကားတ္စေစည်ကားလိုက်တာ... စားသောက်ဆိုင်တွေ လူတွေအပြည့်ဪ သူတို့စိတ်မွန်းကျပ်လို့ ဒီနေ့တစ်ရက်လေး ထွက်ရင်းတိုးတာနေမှာဆိုပြီး ပြန်ဖြေ တစ်ချို့ဆို

ရယ်မော  ဪ ငါသူတို့ ရယ်မိတဲ့ တစ်ခဏလေးမှာ တွေ့မိတာနေမှာပါစိတ်ပြန်ဖြေ.. တကယ်လည်းအဲ့လိုလူတွေရှိမှာပါ တကယ်အဲ့လိုဆိုကောင်းမှာပဲ.. 

  ဒါပေမဲ့ တစ်ခါလည်းမဟုတ် ?တစ်ခါထွက် အခေါက်တိုင်းလူတွေပိုများတယ်... နေသားကျသွားကျပြီလား? မနာကျည်းကြတော့ဘူးလား.... ကျဆုံးသွားသူ တွေ အဖမ်းခံရသူတွေ မိသားစုတွေက ဒီလို အုပ်စုလိုက် ပျော်ပါးနေကြတာမြင်ရင်စိတ်ထဲမှာ ဘယ်လိုခံစားရမလည်း? ? စဉ်းစားကြပါအုန်း... တကယ်ခံစားရလွန်းလို့ပါ? သွေးမအေးကြပါနဲ့နော် တောင်းပန်ပါတယ်။  မပြီးဆုံးသေးဘူးဒါကြီးက မပေါ့ကြပါနဲ့ အပြင်မှာ အသက်တွေရင်းပြီး တိုက်ပေးနေကြတဲ့သူတွေကိုအားနာပါအုန်း။ အသက်ပေးသွားကြတဲ့သူတွေကို အားနာပါအုန်း။ နှိပ်စက်ခံ ဖမ်းစီး ခံထားရတဲ့သူတွေကို အားနာပါအုန်း...  ဒါအားလုံးတူတူတိုက်ရမယ့်တိုက်ပွဲ နည်းနည်းလေးတောင် အားလျော့လို့မရဘူး။  အားတင်းထားကြပါအုန်း ????????

PS : ဖူးကအမြဲအားလျှော့စေမယ်စကားတွေ စာတွေ တတ်နိုင်သလောက်ရှောင်ပါတယ် ဒါပေမယ့် ဒါလေးတော့တစ်ချို့ကိုမြင်စေချင်လို့ပါ။ " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေလည်းသိရှိနိုင်စေရန် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-May T. Khine’s Facebook Account 

Photo Crd-May T. Khine’s Facebook Account 
Photo Crd-May T. Khine’s Facebook Account 
Photo Crd-May T. Khine’s Facebook Account 
Photo Crd-May T. Khine’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T