ကျဆုံးသွားပြီဖြစ်လို့ ကိုယ်တိုင်မပေးနိုင်ခဲ့တဲ့ သူမချစ်သူရဲ့လက်ဆောင်ဝတ်စုံလေးကို အမြတ်တနိုးဝတ်ဆင်ပြီး စျာပနပွဲကိုတက်ခဲ့ရတဲ့ ကောင်မလေး

//s9.kh1.co/d5/d5789ce08c6ec23acd8d745fe6cd0531b3de8c7e.jpg
နေ့စဉ်သတင်းများ

 ၀၂-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားပြီဖြစ်လို့ ကိုယ်တိုင်မပေးနိုင်ခဲ့တဲ့ သူမချစ်သူရဲ့လက်ဆောင်ဝတ်စုံလေးကို အမြတ်တနိုးဝတ်ဆင်ပြီး စျာပနပွဲကိုတက်ခဲ့ရတဲ့ ကောင်မလေး

ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့က လားရှိုးမြို့မှာ ဥပဒေကျောင်းသား လူငယ်လေးတစ်ယောက် ကျဆုံးခဲ့တာ ဖြစ်ပါတယ် ။ အသက် (၂၃) နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့ရတဲ့ မိုင်းမင်းနောင်က လားရှိုးမြို့မှာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်တဲ့အချိန်တိုင်း ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်ခဲ့သူ ဖြစ်ပါတယ် ။ မိုင်းမင်းနောင်က Soundbox ကြီးတစ်လုံး အမြဲတမ်းယူလာပြီး ပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားတွေကို ပြောကြားပေးလေ့ရှိတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရတဲ့ မိုင်းမင်းနောင်အတွက် ဝမ်းနည်းကြေကွဲစွာ ခံစားနေရတဲ့သူတွေထဲမှာ သူ့ရဲ့ချစ်သူကောင်မလေးလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ ကောင်မလေးကတော့ မိုင်းမင်းနောင်ရဲ့သတင်းကြားကြားချင်းမှာပဲ သူ့ဆီကိုအပြေးလာခဲ့ပြီး နောက်ဆုံးအချိန်အထိ အနားကနေမခွာဘဲ အတူရှိပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ကောင်မလေးက ချစ်သူရဲ့စျာပနအခမ်းအနားကို ရိုးရာဝတ်စုံလေး ဝတ်ဆင်ပြီး တက်ရောက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီဝတ်စုံလေးကိုတော့ မိုင်းမင်းနောင်ရဲ့ကျောပိုးအိတ်ထဲကနေ တွေ့ရှိခဲ့တာဖြစ်ပြီး ချစ်သူကောင်မလေးကိုပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ် ။ မိုင်းမင်းနောင်ခမျာ သူဝယ်ထားတဲ့ ဝတ်စုံလေးကို ကောင်မလေးအတွက် လက်ဆောင်အဖြစ် ကိုယ်တိုင်မပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ကောင်မလေးက ဒီဝတ်စုံလေးကို မိုင်းမင်းနောင်ရဲ့စျာပနာပွဲမှာ အမြတ်တနိုးဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ် ။ ခွဲခွာခဲ့ရပြီဖြစ်တဲ့ မိုင်းမင်းနောင်တို့ ချစ်သူနှစ်ဦးရဲ့အကြောင်းကတော့ ကြားသိရသူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ မိုင်းမင်းနောင်လည်း ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T