လက်ရှိကာလမှာတော့ ပြည်သူတွေက လူထုလှုပ်ရှားမှုတွေကို အားကြိုးမာန်တက် ပြုလုပ်နေကြတာဖြစ်ပြီး အန္တရာယ်တွေကြားကနေ လမ်းပေါ်ကို ရအောင်ထွက်နေကြတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း တစ်ဖက်မှာတော့ စားဝတ်နေရေးအတွက် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေလည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။ အဲ့ဒီပြည်သူတွေက သူတို့ရဲ့အခက်အခဲတွေကို လူမှုကွန်ယက်စာမျက်နှာတွေကတစ်ဆင့် ပွင့်ပွင့်လင်းလင်း ပြောပြပြီး အကူအညီတောင်းနေရတာ ဖြစ်ပါတယ် ။
အခုလည်း ကုန်စုံဆိုင်ဖွင့်ထားတဲ့ ပြည်သူတစ်ယောက်က သူမကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ သူမက အိမ်မှာ မိခင်ဖြစ်သူနဲ့ မသန်စွမ်းမောင်လေးတစ်ယောက်သာ ကျန်ခဲ့တာကြောင့် ရှိတာလေးတွေ ရောင်းထုတ်ချင်ကြောင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူမတို့ဆိုင်မှာရှိတဲ့ ကုန်ပစ္စည်းတွေကို ဓာတ်ပုံရိုက်ပြထားပြီး တတ်နိုင်သလောက် စျေးလျှော့ရောင်းမှာဖြစ်တာကြောင့် ကူညီပေးကြဖို့ ပြောထားတာပဲ ဖြစ်ပါတယ် ။
သူမရဲ့စာထဲမှာတော့ "အပေါ်ယံရိုက်ပေးထားရတာမို့ ပုံမရိုက်ထားတဲ့ တစ်ခြားပစ္စည်းတွေလည်း ရှိပါသေးတယ် ကုန်ခြောက်ဆိုင်သီးသန့်မို့ အများရောင်းတဲ့ ပစ္စည်းအစုံနီးပါးရှိပါမယ် ကိုယ်တိုင်မဝယ်ဖြစ်လည်း နီးစပ်ရာ ဆိုင်သမားတွေကို လက်တို့ပေးကြပါနော်?" လို့ ဖော်ပြထားပါသေးတယ်။ သူမတို့ရဲ့ကုန်စုံဆိုင်ကတော့ လှိုင်မြို့နယ် (8) ရပ်ကွက်မှာရှိတာကြောင့် လှိုင်မြို့နယ်အတွင်းက ဝယ်ယူသူတွေကို ပို့ပေးလို့ရပေမယ့် တစ်ခြားမြို့နယ်တွေဆိုရင်တော့ ပို့ပေးဖို့ မလွယ်ကူနိုင်သေးကြောင်း ပြောထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း တတ်နိုင်သလောက် ကူညီလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit-Xar Ni Maw's FB Acc