တံခွန်တိုင်မီးဘေးသင့်အိမ်ထောင်စု (၁၅၁)စုအတွက် လိုအပ်တဲ့အိမ်သုံးပစ္စည်းများနဲ့အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ မအေးသောင်း

//s9.kh1.co/58/5872adafb637b38df1db910e46f60193606507df.jpeg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

....

နှစ်လပြည့်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးတိုက်ပွဲကြီးဟာ ဒီနေ့ဒီချိန်ထိ အသက်ဝင်နေဆဲဖြစ်ကာ ပြည်သူတွေကလည်း လက်မလျော့သွားဘဲ အခက်အခဲတွေကြားကနေ အားတင်းကာရှေ့ဆက်နေကြဆဲဖြစ်ပါတယ်။ လူကြီးလူငယ်မရွေးပြည်သူအားလုံးက ရရာနေရာတွေကနေ ယုံကြည်ချက်တွေအတွက် ရင်ထဲကဆန္ဒတွေကို လှုပ်ရှားမှုမျိုးစုံနဲ့ ညီညီညွတ်ညွတ်ထုတ်ဖော်လျက်ရှိနေဆဲပါ။

Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account

​ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း အင်တိုက်အားတိုက် ပါဝင်ရပ်တည်ခဲ့တာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။ဒီလိုအနုပညာရှင်တွေထဲမှာဆိုရင် မအေးသောင်းလည်း အပါအဝင်ပါပဲ  ။မအေးသောင်းက ဖေဖော်ဝါရီလအစထဲက ပြည်သူလူထုနဲ့အတူရပ်တည်ကာ ဆန္ဒထုတ်ဖော်မှုတွေကို မမောမပန်းနိုင်အောင်တက်တက်ကြွကြွ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account

ဒါ့အပြင် ဒီလိုကာလမှာ အခက်အခဲဖြစ်နေတဲ့ မိသားစုတွေအပြင် မီးဘေးသင့်အိမ်ထောင်စုတွေကိုလည်း လိုအပ်တဲ့ အိမ်သုံးပစ္စည်းရိက္ခာများနဲ့ အလှူငွေများကိုလည်း မိတ်ဆွေတွေနဲ့စုပေါင်းကာ သွားရောက်လှူဒါန်းခဲ့တာလည်းတွေ့ရပါတယ်။အခုလည်း တံခွန်တိုင်မီးဘေးသင့်အိမ်ထောင်စု (၁၅၁)စုအတွက် အိုး၊ခွက်၊ပန်ကန်နဲ့ အလှူငွေများကို မိတ်ဆွေများနဲ့အတူ စုပေါင်းကာ သွားရောက်လှူဒါန်းခဲ့ကြောင်းဖော်ပြခဲ့ရာ လေးစားမိတာကြောင့် မအေးသောင်းရဲ့ အလှူလေးကို ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Aye Thaung Facebook Account
Photo Credit : Aye Thaung Facebook Account
Source & Photo Credit : Aye Thaung Facebook Account
Source & Photo Credit : Aye Thaung Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T