​ကြွေလွင့်သွားတဲ့ သူရဲကောင်းအာဇာနည်တွေကို ဦးညွတ်ဂုဏ်ပြုရင်း Flower Strike လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ နော်ဖောအယ်ထား

//s9.kh1.co/16/16bcb720186cb9855b37cddda8afe8313751b06a.jpeg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.....

ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နော်ဖောအယ်ထားကတော့ ခုလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်တာကြောင့် ရရာနေရာကနေ တတ်နိုင်သလောက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လိုအပ်တာတွေကိုလည်း လှူဒါန်းပေးလျက်ရှိတာ တွေ့မြင်ရပါတယ်။ 

 Photo Credit : Naw Phaw Eh Htar Facebook Page 
 Photo Credit : Naw Phaw Eh Htar Facebook Page 
 Photo Credit : Naw Phaw Eh Htar Facebook Page 
 Photo Credit : Naw Phaw Eh Htar Facebook Page 

အချိန်အားဖြင့် နှစ်လပြည့်ခဲ့ပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးကတော့ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေလည်း တစ်ရက်ထက်တစ်ရက်တိုးနေခဲ့သလို ခုဆိုရင် ကလေးငယ်လေးတွေပါ ကြွေလွင့်ခဲ့ရပြီဖြစ်တာကြောင့် ပြည်သူအားလုံးက နှမျောတသစိတ်မကောင်း ဖြစ်မိတာအမှန်ပါပဲနော်။ ပြည်သူအားလုံးကလည်း နိုင်ငံအတွက်အသက်ပေးသွားရှာတဲ့ အာဇာနည်လေးတွေကို ဆုတောင်းပေးခြင်းတွေ အဆက်မပြတ်လုပ်ပေးနေကြသလို အနုပညာရှင်တွေကလည်းကျန်ရစ်သူမိသားစုတွေကိုအားပေးနှစ်သိမ့်ရင်းကူညီမှုတွေလည်းပြုလုပ်ပေးခဲ့ကြပါတယ်။

 Photo Credit : Naw Phaw Eh Htar Facebook Page 
 Photo Credit : Naw Phaw Eh Htar Facebook Page 
 Photo Credit : Naw Phaw Eh Htar Facebook Page 
 Photo Credit : Naw Phaw Eh Htar Facebook Page 

ဒီနေ့မှာကျရောက်တဲ့ ဧပြီ (၂) ရက်နေ့မှာဆိုရင်လည်း အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေအတွက် နေရာအနှံအပြားရဲ့ လမ်းမတွေမှာပန်းစည်းတွေချပြီး ဝမ်းနည်းကြောင်းဖော်ပြရင်း ဂုဏ်ပြုပေးကြတဲ့ Flower Strike လှုပ်ရှားမှုလေးကို ပြည်သူအားလုံး ညီညီညွတ်ညွတ်ပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။နော်ဖောကလည်း ဒီလှုပ်ရှားမှုလေးမှာပါဝင်ခဲ့တာဖြစ်ပြီး ပန်းလေးတွေနဲ့  အာဇာနည်သူရဲကောင်းတွေကို ဆုတောင်းဂုဏ်ပြုပေးနေတဲ့ပုံလေးတွနဲ့အတူ " ကျဆုံးပြီးသော ပြည်သူ့ သူရဲကောင်းများကို ဦးညွတ်လျက်!!!အရေးတော်ပုံအောင်ရမည် "ဆိုတဲ့စာလေးကိုဝေမျှခဲ့ပါတယ်။ပရိသတ်ကြီးအတွက်နော်ဖောရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 Photo Credit : Naw Phaw Eh Htar Facebook Page 
 Photo Credit : Naw Phaw Eh Htar Facebook Page 
Source & Photo Credit : Naw Phaw Eh Htar Facebook Page 
Source & Photo Credit : Naw Phaw Eh Htar Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T