အခုလိုအချိန်မှာ အပြောင်အပျက်တွေလျော့ပြီး တတ်နိုင်သမျှအစွမ်းကုန်ဝိုင်းကူကာစည်းလုံးကြဖို့ တိုက်တွန်းပြောပြလာတဲ့ G-Fatt

//s9.kh1.co/45/45f5a1f56a9af43a22a52b4092b4248afd363d02.jpg
အနုပညာရှင်များ

 ၀၂-ပြီ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အဆိုတော် G-Fatt ကတော့ အောင်မြင်ကျော်ကြားတဲ့ ဂီတအနုပညာရှင်တစ်ယောက်ဖြစ်သလို ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက လူထုလှုပ်ရှားမှုတွေကို ပြုလုပ်ကာ အားလုံးနဲ့အတူ တစ်သားတည်းရပ်တည်နေသူပါပဲ..။

ပြင်းထန်တဲ့ဖြိုခွင်းမှုတွေကြောင့် တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေအတွက်လည်း ပြည်သူတွေနဲ့ထပ်တူ ကြေကွဲစွာခံစားနေရတဲ့ G-Fatt ကတော့ တတ်နိုင်တဲ့ဘက်နေ အားဖြည့်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

G-Fatt ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခုလိုအချိန်မှာ အပြောင်အပျက်တွေလျော့ပြီး တတ်နိုင်သမျှအစွမ်းကုန်ဝိုင်းဝန်းကူညီကာ ပြည်သူအချင်းချင်းပိုပြီးစည်းလုံးကြဖို့ အားပေးစကားတွေနဲ့တိုက်တွန်းပြောပြလာတာလည်း တွေ့ရပါတယ်..။

သွေးမအေးသွားကြဘဲ တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်သလောက် အစွမ်းကုန်ဝိုင်းကူအားဖြည့်ရင်း အခက်အခဲတွေကိုလည်း အားတင်းထားကြဖို့ကို G-Fatt က ပြောပြထားတာ ဖြစ်ပါတယ်..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

"အရေးကြုံလာရင် ငါတို့ ပြည်သူ ငါတို့ တိုင်းပြည်ဘက်က ဘယ်အိမ်နီးချင်းနိုင်ငံတွေဟာရပ်တည်သလဲ ဆိုတာ ဟိုးအရင်ကထက် ရှင်းရှင်းလင်းလင်းသိလိုက်ရတဲ့ ကာလပဲ ။ ဒါကိုလုံးဝ မမေ့ကြနဲ့။ မေတ္တာရပ်ခံချင်တာက ဒီကာလမှာ အပြောင်အပျက်လေးတွေနဲနဲလျော့ကြရအောင် ။ ပြီးတော့ တစ်ချို့ Post တွေကို Fri Only နဲ့တင်တာမှန်ပေမယ့် တကယ်အရေးကြီးတဲ့ အချက်အလက်တွေကိုတော့ Public ဖွင့်တင်ကြစေ့ချင်တယ် ။ အခုဆို Wifi ရဖို့တောင် မသေချာတော့ဘူး။ Ph Num တွေအချင်းချင်းဖလှယ်ပြီး ကိုယ့်မြို့နယ် ကိုယ့်ရပ်ကွက်ကိုကာကွယ်ဖို့ စည်းလုံးကြရတော့မယ်။

ငါသွေးအေးရင်ပြည်သူ့ဘက်မှာတစ်ယောက်လျော့တာပဲ ဆိုတာ မမေ့ကြနဲ့ ။

နှစ်၇၀ကျော် ဒါဏ်ရာရနေတဲ့တိုင်းပြည်ကို ကယ်ရမှာ ငါတို့တက်နိုင်တဲ့ဘက်ကနေ တက်နိုင်သမျှကို အစွမ်းကုန် ဝိုင်းကူကြမယ်.." ဆိုပြီး G-Fatt က အားပေးတိုက်တွန်းထားတာပါ..။

Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc
Photo Credit - G-Fatt's Fb Acc

သတင်း အရင်းအမြစ်G-Fatt's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T