ညဘက်ကင်းစောင့်ရင်း ဘေးနားမှာဗုံးတစ်လုံးရှိနေတာကိုမသိခဲ့ပေမယ့် မနက်အထိမပေါက်ကွဲခဲ့ကြောင်းကို ပြောပြလာခဲ့တဲ့ လူငယ်တစ်ဦး

//s9.kh1.co/d6/d6e483404e12e3c53c62cdff35dce362a6fae005.jpeg
နေ့စဉ်သတင်းများ

 ၀၃-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

ညဘက်ကင်းစောင့်ရင်း ဘေးနားမှာဗုံးတစ်လုံးရှိနေတာကိုမသိခဲ့ပေမယ့် မနက်အထိမပေါက်ကွဲခဲ့ကြောင်းကို ပြောပြလာခဲ့တဲ့ လူငယ်တစ်ဦး

ပြည်သူလူထုကတော့ လက်ရှိရင်ဆိုင်နေရတဲ့အဖြစ်အပျက်တွေကြောင့် “ဘုရားမှတစ်ပါးကိုးကွယ်ရာမရှိ”ဆိုသလိုဘာသာရေးတွေလည်း လုပ်ဆောင်ပြီး အခုကာလကို ကြိုးစားဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင် တချို့လူငယ်လေးတွေကအစ ဘုရား၊တရား ပိုပြီးကိုင်းရှိုင်းလာကြတာ ဖြစ်ပါတယ်။အခုဆိုရင်လည်းခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ လူငယ်လေးတစ်ဦးက ကျမ်းစာရွတ်ဖတ်နေကျဖြစ်ပြီး ညဘက်ကင်းစောင့်ရင်းနဲ့လည်း ကျမ်းစာရွတ်ဖတ်ခဲ့လို့ အန္တရာယ်ဘေးမှလွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo By Myanmarload TV
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဲ့ဒီလူငယ်လေးက သူကင်းစောင့်နေတဲ့နားမှာ ဗုံးတစ်လုံးရှိနေခဲ့တာကို မသိဘဲ တစ်ညလုံးအိပ်နေခဲ့တာဖြစ်ပါတယ်။မနက်ရောက်လို့ အိပ်ရာနိုးချိန်မှာ   သူငယ်ချင်းတွေပြောပြလို့ ဗုံးရှိနေမှန်းသိခဲ့ရတာဖြစ်ပါတယ်။ပေါက်ကွဲစေတတ်တဲ့ဗုံးတစ်လုံးဖြစ်ပေမယ့် မနက်အထိမပေါက်ကွဲခဲ့လို့ သူတို့တွေလည်း အသက်အန္တရာယ်နဲ့မကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးကတော့ သူရင်ဆိုင်လိုက်ရတဲ့အဖြစ်မှန်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်းရေးသားထားပြီး ကိုယ်တော့်ကိုလည်း ကျေးဇူးတင်လိုက်တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူတွေကလည်း အဲ့ဒီလူငယ်လေးရဲ့အဖြစ်အပျက်တွေကိုဖတ်မိပြီး အံ့ဩကြကာ လူအများအပြားသိအောင်လို့လည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Shareနေကြတာဖြစ်ပါတယ်။ဘေးနားမှာဗုံးရှိနေတာကိုမသိဘဲ တစ်ညလုံးအိပ်နေခဲ့တဲ့ အဲ့ဒီလူငယ်လေးရဲ့ ကံတရားက အရမ်းဆန်းကြယ်နေတာပဲဖြစ်ပါတယ်။သေကံမရောက်၊သက်မပျောက်ဘဲ အကောင်းအတိုင်းကျန်ရှိနေတဲ့ အဲ့ဒီလူငယ်လေးရဲ့ အဖြစ်အပျက်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T