ပြည်သူတွေကိုကာကွယ်ဖို့အတွက် ရှေ့တန်းကနေ အမြဲနေရာယူခဲ့တဲ့ စိန်ပန်းကသူရဲကောင်းလေးရဲ့စျာပနပွဲမြင်ကွင်းပုံရိပ်များ

//s9.kh1.co/ca/caa8b37a22256260cd5b20dd972f79bb7e0df446.jpg
နေ့စဉ်သတင်းများ

 ၀၃-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေကိုကာကွယ်ဖို့အတွက် ရှေ့တန်းကနေ အမြဲနေရာယူခဲ့တဲ့ စိန်ပန်းကသူရဲကောင်းလေးရဲ့စျာပနပွဲမြင်ကွင်းပုံရိပ်များ

အခုချိန်မှာတော့ ရဲစွမ်းသတ္တိရှိတဲ့ လူငယ်လေးတွေက ပြည်သူတွေရဲ့အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်ပေးနေတာကို အားလုံးလည်း မြင်တွေ့ကြမယ် ထင်ပါတယ်။ လူငယ်တွေက သူတို့ရဲ့အနာဂတ်အတွက် လမ်းပေါ်ကိုထွက်ပြီး ရင်တွင်းဆန္ဒတွေကို ကြွေးကြော်တောင်းဆိုနေကြတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကြတဲ့ လူငယ်တွေထဲက တစ်ချို့ကတော့ အခုချိန်မှာ အသက်ပေးသွားခဲ့ရပြီဖြစ်လို့ ပြည်သူတွေက လည်း စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

ပြီးခဲ့တဲ့ဧပြီလ (၁)ရက်နေ့ကလည်း မန္တလေးမြို့၊ စိန်ပန်းရပ်မှာနေတဲ့ အသက် (၁၈) နှစ်အရွယ် လူငယ်တစ်ဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်က ကိုဇော်ကိုလတ်ဖြစ်ပြီး အရံမီးသတ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ် ။ သူ့ရဲ့စျာပနအခမ်းအနားကိုတော့ ဧပြီလ (၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ကိုဇော်ကိုလတ်က ပြည်သူတွေကိုကာကွယ်ဖို့အတွက် ရှေ့တန်းကနေ အမြဲတမ်းနေရာယူခဲ့တဲ့ ကောင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ကျေပွန်ခဲ့တဲ့ ကိုဇော်ကိုလတ်ရဲ့စျာပနပွဲအခမ်းအနားက ပုံရိပ်တွေကလည်း တကယ့်ကို ကြေကွဲဝမ်းနည်းစရာကောင်းလှတာ ဖြစ်ပါတယ် ။ ကိုဇော်ကိုလတ်ကတော့ ကမ်းနားလမ်း၊ သင်္ဘောကျင်းမြောက်ဘက်၊ စိန်ပန်းရပ်က ကျူးကျော်မှာနေတဲ့ ပြည်သူတစ်ယောက်ဖြစ်တာကြောင့် စေတနာရှင်တစ်ချို့ကလည်း ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့မိသားစုကိုကူညီဖို့ အလှူခံပေးနေကြတာ ဖြစ်ပါတယ် ။ အသက် (၁၈)နှစ်အရွယ်နဲ့ ကြွေလွင့်ခဲ့ရတဲ့ စိန်ပန်းရပ်က သူရဲကောင်းရဲ့အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T