အိမ်တောင်မပြန်ဘဲ ပြည်သူတွေနဲ့အတူ ကြိုးစားပါဝင်ခဲ့ပေမယ့် ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရတဲ့ မန္တလေးမြို့ကသူရဲကောင်းတစ်ဦး

//s9.kh1.co/0a/0a67a0492536e397dc670ce236fae132a7add940.jpg
နေ့စဉ်သတင်းများ

 ၀၃-ပြီ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

အိမ်တောင်မပြန်ဘဲ ပြည်သူတွေနဲ့အတူ ကြိုးစားပါဝင်ခဲ့ပေမယ့် ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရတဲ့ မန္တလေးမြို့ကသူရဲကောင်းတစ်ဦး

ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်နေ့မှာတော့ မန္တလေးမြို့၊ စိန်ပန်းရပ်အတွင်းမှာ ကျဆုံးသွားတဲ့သူနှစ်ဦးရှိခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနှစ်ဦးထဲကမှ အသက် (၁၉) နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုရဲနေမင်းကတော့ ရုပ်အလောင်းပြန်မရခဲ့တာကြောင့် မိသားစုဝင်တွေခမျာ သူ့အတွက် စျာပနပွဲကိုတောင် မကျင်းပနိုင်သေးတာ ဖြစ်ပါတယ် ။ ကိုရဲနေမင်းက မန္တလေးမြို့၊ စိန်ပန်းရပ် (၄၁× ၉၁) နားမှာ ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ် ။

Photo Credit-Dan Robert's FB Acc
Photo Credit-Dan Robert's FB Acc

ကိုရဲနေမင်းက ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်ပီပီ တက်တက်ကြွကြွရှိပြီး ရဲရင့်တဲ့စိတ်ဓာတ်နဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း ကိုရဲနေမင်းနဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ဦးက သူတို့နှစ်ယောက်နောက်ဆုံးပြောဖြစ်ခဲ့တဲ့ စကားတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ် ။ စာထဲမှာတော့ ကိုရဲနေမင်းက အိမ်မပြန်တာ တစ်ပတ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းအိမ်မှာပဲနေထိုင်နေတာဖြစ်ကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Dan Robert's FB Acc
Photo Credit-Dan Robert's FB Acc
Photo Credit-Dan Robert's FB Acc
Photo Credit-Dan Robert's FB Acc

အိမ်ကဖုန်းဆက်ခေါ်တာတောင် မပြန်ဘဲ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက် ပါဝင်ခဲ့တဲ့ ကိုရဲနေမင်းရဲ့စိတ်ဓာတ်က တကယ့်ကို လေးစားချင်စရာကောင်းလှပါတယ်။ "မိဘဆိုတော့လည်း တစ်ခုခုဖြစ်မှာတွေးပြီး ပြောတာပါ ဒါပေမဲ့ မဖြစ်အောင် ဂရုစိုက်လုပ်ရင် အောင်မြင်မှာပါ" ဆိုတဲ့ ကိုရဲနေမင်းရဲ့စကားတွေကတော့ အခုဆိုရင် ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ဒီစာတွေကို ပြသခဲ့တဲ့ ကိုရဲနေမင်းရဲ့မိတ်ဆွေကလည်း ကတိစကားတစ်ခွန်း ဆိုခဲ့ပါသေးတယ် ။ ကိုရဲနေမင်းတစ်ယောက် ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Source & Photo Credit-Dan Robert's FB Acc

Photo Credit-Ke Ro's FB Acc
Photo Credit-Ke Ro's FB Acc
Photo Credit-Dan Robert's FB Acc
Photo Credit-Dan Robert's FB Acc
Photo Credit-Dan Robert's FB Acc
Photo Credit-Dan Robert's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T