သူမအား စိုးရိမ်နေကြတဲ့ ပရိသတ်ကြီးအတွက် ဘေးကင်းလုံခြုံတဲ့နေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ပြောပြလာတဲ့ ပိုပို

//s9.kh1.co/a1/a1213a17e279470fc1faeb89832c8b3ef8138b81.jpeg
အနုပညာရှင်များ

 ၀၃-ပြီ-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  ပိုပိုကတော့  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုမှာ  ပြည်သူတွေနဲ့အတူ  အားကြိုးမာန်တက်  ပါဝင်ခဲ့သူတစ်ဦးပဲ  ဖြစ်ပါတယ်။  အရေးကြုံတဲ့ အခါတိုင်း  ပြည်သူတွေနဲ့အတူ  တစ်သားတည်း ရပ်တည်ပေးတဲ့အတွက်လည်း  ပရိသတ်တွေက  လေးစားနေကြတာပါ။  လမ်းပေါ်ထွက်ကာ  ရင်ထဲက ဆန္ဒတွေကို  ထုတ်ဖော်ပြသရုံတင်မကဘဲ  လူမှုကွန်ယက်မှတစ်ဆင့်လည်း  အဖမ်းဆီးခံထားရတဲ့  ကျောင်းသားတွေအတွက် speak out လုပ်ပေးနေသူလည်း  ဖြစ်ပါတယ်။

Photo Crd-Po Po’s Facebook Page 
Photo Crd-Po Po’s Facebook Page 
Photo Crd-Po Po’s Facebook Page 
Photo Crd-Po Po’s Facebook Page 

လတ်တလောမှာ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့်  ခေတ္တခဏ တိမ်းရှောင်နေရတဲ့ အတွက်လည်း  ပရိသတ်တွေက စိုးရိမ်နေကြတာပါ။  သူမအား စိတ်ပူနေကြသူများအတွက်  မကြာသေးခင်  နာရီပိုင်းလောက်က  ပိုပိုရဲ့Facebook Story တွင် ဘေးကင်းလုံခြုံတဲ့ နေရာတွင်  ရှိနေကြောင်း  ဗီဒီယိုဖိုင် တစ်ခု တင်ထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Po Po’s Facebook Page 
Photo Crd-Po Po’s Facebook Page 
Photo Crd-Po Po’s Facebook Page 
Photo Crd-Po Po’s Facebook Page 

သူမကလည်း " မတရားမှုကို အဆုံးထိတွန်းလှန်ရမှာ ငါတို့အလုပ် 

#အရေးတော်ပုံအောင်ရမည် 

3.4.2021 

#popo #ပိုပို " နဲ့ " နယ်ဝေးတစ်နေရာ ရောက်သွားပါပြီ စိတ်ပူပေးကြလို့  အားလုံးကို ကျေးဇူးပါ " ဆိုပြီး  ရေးသားထားတာပဲ  ဖြစ်ပါတယ်။  ပရိသတ်တွေ  စိတ်ပူတာတွေ လျော့ကျသွားစေရန် ပိုပိုရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Po Po’s Facebook Page 

Photo Crd-Po Po’s Facebook Page 
Photo Crd-Po Po’s Facebook Page 
Photo Crd-Po Po’s Facebook Page 
Photo Crd-Po Po’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T