ပရိသတ်ကြီးရေ.. ရယ်စရာဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ဒိန်းဒေါင်ကတော့ ချွန်တွန်းပရဟိတအဖွဲ့ကိုလည်း တည်ထောင်ထားပြီး လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့ ရပ်တည်နေတာ တွေ့ရပါတယ်..။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလပိုင်းကတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့အပြင် ပြည်သူတွေအတွက် လိုအပ်တာလေးတွေကိုလည်း အားဖြည့်လှူဒါန်းရင်း တော်လှန်ရေးတိုက်ပွဲကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်..။
တတ်နိုင်လောက်ပြုလုပ်နေတဲ့ ဒိန်းဒေါင်တို့ ချွန်တွန်းအဖွဲ့ကတော့ စားဝတ်နေရေးခက်ခဲနေပြီး အခက်အခဲတွေနဲ့ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက်လည်း အလှူရှင်တွေကိုယ်စား စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းခဲ့ပြန်ပါတယ်..။
အလှူရှင်တွေကိုယ်စား ခက်ခဲနေကြတဲ့ပြည်သူ အိမ်ထောင်စု(၁၂၄)စုစာ အတွက် ဆန်၊ ဆီနဲ့ အခြားစားသောက်ကုန်တွေကို ပေးဝေလှူဒါန်းပြီး ကာယဒါနပြုကာ ကုသိုလ်ယူခဲ့တာဖြစ်ပြီး အလှူပုံရိပ်တွေကိုလည်း ဝေမျှထားပါသေးတယ်..။
"ထိုင်းနိုင်ငံဖစ်ပူလီမြို့Emerald ကုမ္ပဏီညီအစ်ကိုမောင်နှမများမှအဆင်မပြေကြသောမိသားစု(124)စုစာအတွက် ဆန် ဆီ ဆားအလှူတော်နတ်လူသာဓုခေါ်စေသော်?????.." ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။
လိုအပ်နေတဲ့ပြည်သူတွေအတွက် စေတနာရှင်တွေကိုယ်စား သွားရောက်လှူဒါန်းပြီး ကာယဒါနပြုခဲ့ကြတဲ့ ဒိန်းဒေါင်တို့ "ချွန်တွန်း" အဖွဲ့ရဲ့ ကုသိုလ်ယူပုံရိပ်တွေကိုလည်း ပရိသတ်တွေ သာဓုခေါ်အားပေးထားကြတာ တွေ့ရပါတယ်..။
သတင်း အရင်းအမြစ်៖ Dain Daung's Fb Acc