ကျဆုံးသွားတဲ့ချစ်သူကောင်လေး ကစားနေကျ ဂိုးတိုင်အောက်မှာထိုင်ပြီး အမှတ်တရတွေကိုကြည့်ကာ သတိရနေရတဲ့ကောင်မလေး

//s9.kh1.co/89/89bfe306a51e8bf212f8141ffcab516de4e1685f.jpg
နေ့စဉ်သတင်းများ

 ၀၄-ပြီ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့ချစ်သူကောင်လေး ကစားနေကျ ဂိုးတိုင်အောက်မှာထိုင်ပြီး အမှတ်တရတွေကိုကြည့်ကာ သတိရနေရတဲ့ကောင်မလေး

ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့မှာဆိုရင် မြန်မာနိုင်ငံက နေရာအနှံ့အပြားမှာ ကျဆုံးသူတွေ များပြားခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနေ့မှာ အသက်ပေးခဲ့တဲ့ ပြည်သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ကိုအောင်ဇင်ဖြိုးကတော့ လင်းလက်ဖူဆယ်ကလပ်က ဂိုးသမားတစ်ယောက်ပဲ ဖြစ်ပါတယ် ။ အသက် (၁၈)နှစ်သာရှိသေးတဲ့ ကိုအောင်ဇင်ဖြိုးက ရင်ဘတ်ကျည်ထိမှန်ပြီး မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ (၅၈) လမ်း၊ ခေတ်သစ်ပန်းလမ်း ခံတပ်အရှေ့မှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader & Nay Photography

ဘောလုံးလောကရဲ့ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့ရတဲ့အပေါ်  ပြည်သူတွေကလည်း အရမ်းစိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။ ကိုအောင်ဇင်ဖြိုးရဲ့ချစ်သူလေးကလည်း အခုဆိုရင် သူကစားနေကျ ဂိုးတိုင်အောက်မှာထိုင်ပြီး အမှတ်တရတွေကိုကြည့်ကာ သတိရနေရတာပဲ ဖြစ်ပါတယ် ။ ကောင်မလေးကတော့ ကျဆုံးသွားတဲ့ သူမရဲ့ချစ်သူ ကိုအောင်ဇင်ဖြိုးကို လွမ်းဆွတ်တမ်းတနေတာကြောင့် ချစ်သူရဲ့နာမည်နဲ့ဓာတ်ပုံပါတဲ့ ဘောလုံးအင်္ကျီလေးကိုပါ ဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader & Nay Photography
Photo Credit-Original Uploader & Nay Photography
Photo Credit-Original Uploader & Nay Photography
Photo Credit-Original Uploader & Nay Photography
Photo Credit-Original Uploader & Nay Photography
Photo Credit-Original Uploader & Nay Photography
Photo Credit-Original Uploader & Nay Photography
Photo Credit-Original Uploader & Nay Photography

ဒါ့အပြင် ဂိုးတိုင်အောက်မှာ ကိုအောင်ဇင်ဖြိုးရဲ့ဘောလုံးဝတ်စုံနဲ့အတူ အမှတ်တရဓာတ်ပုံတွေ၊ ပန်းစည်းတွေကိုလည်း ချပေးထားတာ ဖြစ်ပါတယ် ။ ကိုအောင်ဇင်ဖြိုးတို့ချစ်သူနှစ်ဦးကတော့ လူထုလှုပ်ရှားမှုတွေမှာ အတူတကွပါဝင်ခဲ့ကြပြီး မခွဲအတူရှိခဲ့တယ်ဆိုတာကို ဓာတ်ပုံတွေက ဖော်ပြနေခဲ့တာပဲ ဖြစ်ပါတယ် ။ ပြန်မလာနိုင်တော့တဲ့ ချစ်သူကို သတိရနေတဲ့ ကောင်မလေးရဲ့ပုံရိပ်တွေကိုကြည့်ပြီး ပြည်သူတွေပါ စိတ်မကောင်းဖြစ်နေရတာပဲ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ သူရဲကောင်း ကိုအောင်ဇင်ဖြိုးလည်း ကောင်းရာမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေ။

Source & Photo Credit-Original Uploader & Nay Photography

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T