ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ အားလုံးနဲ့ အတူတူ တစ်သားတည်းရှိခဲ့ရလို့ ဝမ်းသာမိတဲ့အကြောင်းပြောပြလာတဲ့မေ

//s9.kh1.co/06/06881829055473c09479f3b9265d5645c80af4d5.jpeg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ မေကတော့ ခုဖြစ်ပေါ်နေတဲ့အခြေအေနေတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ပြည်သူနဲ့အတူ ပါဝင်ရပ်တည်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူကိုယ်တိုင်လည်း လမ်းမပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမျိုးစုံမှာ အင်တိုက်အားတိုက်နဲ့ ရဲရဲဝင့်ဝင့်ပါဝင်ခဲ့သူတစ်ယောက်ပါ ။

Photo Credit : May Facebook Page 
Photo Credit : May Facebook Page 
Photo Credit : May Facebook Page 
Photo Credit : May Facebook Page 

ဒါ့အပြင် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း အချိန်နဲ့အမျှ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို ဝေမျှပေးနေခဲ့သလို လူထုလှုပ်ရှားမှုမှာ ရှေ့တန်းကနေ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်နေတဲ့သူရဲကောင်းတွေအတွက်လည်း အကာအကွယ်ပစ္စည်းများကိုလည်း လှူဒါန်းပေးခဲ့တာကြောင့် အားလုံးက လေးစားချစ်ခင်နေရတာပါ။

Photo Credit : May Facebook Page 
Photo Credit : May Facebook Page 
Photo Credit : May Facebook Page 
Photo Credit : May Facebook Page 

မေအနေနဲ့ခုဆိုရင် ခြိမ်းခြောက်ခံရမှုတွေရှိနေပြီး တိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ သူမကိုစိတ်မပူဖို့ ပရိသတ်တွေကို  ခုလိုရေးသား ဖော်ပြခဲ့တာဖြစ်ပါတယ်။" အချိန်မရွေး ပုဒ်မ တပ်ခံရနိုင်တယ်ဆိုတာသိပါတယ်.. ဒါပေမယ့်ခုချိန်ထိ ကိုယ့်ကိုကိုယ် မဟုတ်တာလုပ်ထားတယ်လို့ မတွေးမိသေးပါဘူး.. ပြည်သူထဲက ပြည်သူတစ်ယောက်အနေနဲ့ အားလုံးနဲ့တစ်ဖက်တည်းရှိခဲ့လို့ဝမ်းသာပါတယ်.. မေလဲ ဂရုစိုက်ပါ့မယ်.. အားလုံးလဲ ဂရုစိုက်ကြပါ.. တစ်ချိန်မှာ ပျော်ဖို့အတွက် အခုခဏအားတင်းထားကြပါနော်.. "ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးရင်း မေလည်းဘေးအန္တရာယ်ကင်းရှင်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : May Facebook Page 
Photo Credit : May Facebook Page 
Source & Photo Credit : May Facebook Page 
Source & Photo Credit : May Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T