တစ်လမ်းဝင်တစ်လမ်းထွက် လှည်းပေါ်က ဟင်းသီးဟင်းရွက်တွေကို လိုက်လံဝေငှနေတဲ့ ဘိုစိန်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အလှူဒါန

//s9.kh1.co/46/468ed58bc0608e2db7ebbb60da25a44fdee87125.jpg
နေ့စဉ်သတင်းများ

 ၀၅-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေက ဒီကနေ့အပါအဝင် ရက်ပေါင်း ၆၄ရက်ကြာရှိပြီဖြစ်ပေမယ့်လည်း ပြည်သူတွေက အားမလျော့ပဲ ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ တချို့သော ပြည်သူတွေကလည်း လက်ရှိအခြေအနေတွေ​ကြောင့် စားဝတ်နေရေးခက်ခဲနေကြတာဖြစ်ပြီး အကူအညီလိုအပ်နေကြတာ ဖြစ်ပါတယ်။

Photo Credit - ဘိုစိန်'s Facebook Account

အခုလို အချိန်မျိုးမှာ ပြည်သူတွေက စည်းစည်းလုံးလုံးနဲ့အပြန်အလှန် ဖေးမကူညီကြတာဖြစ်ပြီး တစ်ယောက်အခက်အခဲကို တစ်ယောက်က မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ပရဟိတအသင်းတွေကလည်း အလှူရှင်တွေထံက အလှူငွေကောက်ခံပြီး လိုအပ်တဲ့နေရာတွေမှာ သွားရောက်လှူဒါန်းတာဖြစ်ပါတယ်။ ဘိုစိန် လူမှုကယ်ဆယ်ရေးအသင်းဟာဆိုရင်လည်း မနေ့က မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ ဘုန်းကြီးလမ်း မာဃလမ်းက အိမ်ထောင်စု ၁၈၀၀ ကျော်အတွက် ဟင်းသီးဟင်းရွက်တွေကို ဝေငှလှူဒါန်းပေးခဲ့ပါတယ်။ 

Photo Credit - ဘိုစိန်'s Facebook Account
Photo Credit - ဘိုစိန်'s Facebook Account
Photo Credit - ဘိုစိန်'s Facebook Account
Photo Credit - ဘိုစိန်'s Facebook Account
Photo Credit - ဘိုစိန်'s Facebook Account
Photo Credit - ဘိုစိန်'s Facebook Account

တစ်အိမ်တစ်ယောက်ထွက်ကာ နှစ်သက်ရာ ဟင်းသီးဟင်းရွက်တစ်မျိုးစီကို ယူစေတာဖြစ်ပြီး တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ လှူဒါန်းနေခဲ့တာဖြစ်ပါတယ်။ လူနေသိပ့်သည်းကာ အိမ်ခြေစိတ်တဲ့ ရပ်ကွက်ဖြစ်တာကြောင့် ကားတစ်စီးလုံးအပြည့်တင်ဆောင်လာတဲ့ ဟင်းသီးဟင်းရွက်တွေက ခဏလေးနဲ့ ကုန်ခဲ့တဲ့တာလည်း ဖြစ်ပါတယ်။ အခုလို အခြေအနေတွေမှာ ပြည်သူအချင်းချင်းဖေးမကူညီကာ လှူဒါန်းနေတဲ့ ပုံရိပ်တွေက တကယ်ကို ကြည်နူးစရာကောင်းတာဖြစ်လို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ 

သတင်း အရင်းအမြစ်Source & Photo Credit - ဘိုစိန်'s Facebook Account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T