ဘေးကင်းလုံခြုံတဲ့နေရာမှာ အဆင်ပြေစွာရှိနေကြောင်း စိတ်ပူနေကြသူများအား လိုင်းမိချိန်လေးမှာ ပြောပြလာတဲ့ ညီထွဋ်ခေါင်

//s9.kh1.co/01/0156e3bfdc980d61eae98c98c0b724023d8bb636.jpeg
အနုပညာရှင်များ

 ၀၅-ပြီ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ညီထွဋ်ခေါင်ကတော့  မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော   လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူပါဝင်နေတဲ့  အနုပညာရှင်တစ်ဦးပဲ  ဖြစ်ပါတယ်။  ရန်ကုန်မြို့က လမ်းမတွေထက်မှာ ရင်ထဲက ဆန္ဒအမှန်တရားတွေကို အားမာန်အပြည့်နဲ့ ထုတ်ဖော်ပြသခဲ့ပြီး  သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ  သတင်းအချက်အလက်တွေကို  အချိန်နဲ့တစ်ပြေးညီ  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 

ဒါ့အပြင်  ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့  ကျောင်းသား၊ ကျောင်းသူတွေ  အမြန်ဆုံးလွတ်မြောက်အောက်လည်း  Speak Out လုပ်ပေးနေသူဖြစ်တာကြောင့်  ပရိသတ်တွေအားလုံးက  ညီထွဋ်ခေါင်ရဲ့ လုပ်ဆောင်မှုတွေကို  ချီးကျူးနေကြတာပါ။ လက်ရှိအခြေအနေမှာလည်း ခေတ္တခဏတိမ်းရှောင်နေရတာကြောင့်  ချစ်ခင်ကြတဲ့ မိတ်ဆွေအပေါင်းအသင်းများက   သူ့ရဲ့လုံခြုံမှုအတွက်  စိတ်ပူပန်နေကြတာပါ။

Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 

မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  ညီထွဋ်ခေါင်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်  ဘေးကင်းလုံခြုံတဲ့နေရာမှာ အဆင်ပြေစွာရှိနေကြောင်း စိတ်ပူနေကြသူများအား လိုင်းမိချိန်လေးမှာ ရေးသားပြောပြလာတာပဲ  ဖြစ်ပါတယ်။ သူကလည်း " လိုင်းမိတဲ့နေရာ ခုမှရောက်လို့ပါခင်ဗျာ ?

ကျွန်တော် အဆင်ပြေပြေရှိနေပါတယ်ဗျာ?

စိတ်ပူပြီးဂရုတစိုက်မေးပေးတဲ့သူတွေ အားလုံးအားလုံး ကျေးဇူးပါဗျ❤️

#ပြည်သူနှင့်အတူ?❤️

#အရေးတော်ပုံအောင်ရမည်။ " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး  ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Nyi Htut Khaung’s Facebook Account 

Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Photo Crd-Nyi Htut Khaung’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T